သို့သော် ငါသည် ငါ၏ပဋိညာဉ်ကို သင်၌တည်စေမည်။ သင်သည် သင်၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲသို့ဝင်ရမည်။
ကမ္ဘာဦး 7:7 - မြန်မာ့စံမီသမ္မာကျမ်း ရေလွှမ်းမိုးမှုကြောင့် နောဧသည် သူ၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။ Common Language Bible နောဧနှင့်သူ၏မယား၊ သားများနှင့်ချွေးမ များသည် ရေလွှမ်းမိုးခြင်းဘေးမှလွတ်မြောက် ရန်သင်္ဘောထဲသို့ဝင်ရောက်ကြ၏။- Garrad Bible ရေ လွှမ်း မိုး သည့် ဘေး ကြောင့် နော ဧ သည် သား၊ မ ယား၊ ချွေး မ များ နှင့် တ ကွ သင်္ဘော တွင်း သို့ ဝင် ၍၊ Judson Bible ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍၊ |
သို့သော် ငါသည် ငါ၏ပဋိညာဉ်ကို သင်၌တည်စေမည်။ သင်သည် သင်၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲသို့ဝင်ရမည်။
တစ်ဖန် ထာဝရဘုရားက နောဧအား “ဤမျိုးဆက်တွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်း ငါတွေ့မြင်ရသည်ဖြစ်၍ သင်နှင့်တကွ သင့်မိသားစုတစ်စုလုံး သင်္ဘောထဲသို့ဝင်ကြလော့။
ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိပညာနည်းပါးသောသူမူကား ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
မည်သို့နည်းဟူမူကား ရေမလွှမ်းမိုးမီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍
နောဧသည် သင်္ဘောထဲသို့ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာကာ သူတို့အားလုံးကိုဖျက်ဆီးလေ၏။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
ထိုဝိညာဉ်များမှာ တစ်ချိန်က နောဧလက်ထက်၌ သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းတော်မူသော်လည်း နာခံခြင်းမရှိခဲ့သောဝိညာဉ်များဖြစ်ကြ၏။ ထိုသင်္ဘောထဲ၌ ရှစ်ယောက်မျှဖြစ်သော လူအနည်းငယ်တို့သာ ရေမှတစ်ဆင့် ကယ်တင်ခြင်းခံရကြ၏။
ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။