သက်ရှိအပေါင်း၊ သတ္တဝါအပေါင်းတို့ထဲမှ အထီးအမတစ်စုံစီကိုယူ၍ သင်နှင့်အတူအသက်ချမ်းသာရရန် သင်္ဘောထဲသို့သွင်းရမည်။
အသက်ချမ်းသာရာရစေရန်တိရစ္ဆာန်နှင့်ငှက် အမျိုးမျိုးမှ အဖိုနှင့်အမတစ်စုံစီတို့ကို သင်နှင့်အတူသင်္ဘောထဲသို့ဝင်စေလော့။-
သက် ရှိ သ တ္တ ဝါ အ မျိုး မျိုး ထဲ မှ အ ထီး အ မ အ စုံ ကို သင် နှင့် အ တူ အ သက် ချမ်း သာ စေ ခြင်း ငှါ သင်္ဘော တွင်း သို့ သွင်း ထား ရ မည်။
အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူအသက်ချမ်းသာစေခြင်းငှာ၊ သင်္ဘောထဲသို့ သွင်းရမည်။
တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ကြက်ငှက်အမျိုးမျိုး၊ တောင်ပံရှိသောသတ္တဝါအမျိုးမျိုးနှင့် ငှက်အပေါင်းတို့သည်လည်း အမျိုးအလိုက် သူတို့နှင့်အတူဝင်ကြ၏။
သင့်ထံ၌ရှိသော သက်ရှိသတ္တဝါအပေါင်း၊ သားယဉ်သားရဲအပေါင်းတည်းဟူသော ငှက်၊ တိရစ္ဆာန်နှင့် မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည် မြေကြီးပေါ်မှာ များပြားကြစေရန်လည်းကောင်း၊ မြေကြီးပေါ်မှာမွေးဖွားတိုးပွားကြစေရန်လည်းကောင်း သူတို့ကို သင်နှင့်အတူထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မြင့်မားသောတောင်များကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် အလွန်နက်ရှိုင်းရာအရပ်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူနှင့်တိရစ္ဆာန်တို့ကို ကယ်တင်တော်မူ၏။