ထို့ကြောင့် ယောသပ်သည် မိမိဖခင်ကိုသင်္ဂြိုဟ်ရန်ထွက်သွားလေ၏။ သူနှင့်အတူ ဖာရောမင်းကြီး၏အမှုထမ်းများဖြစ်သော ဖာရောမင်းကြီးနန်းတော်ရှိသက်ကြီးဝါကြီးအားလုံး၊ အီဂျစ်ပြည်၏သက်ကြီးဝါကြီးအားလုံး၊
ကမ္ဘာဦး 50:8 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်၏အိမ်သူအိမ်သားအားလုံး၊ ယောသပ်၏အစ်ကိုများမှစသော ယောသပ်ဖခင်၏အိမ်သူအိမ်သားတို့သည်လည်း လိုက်ပါသွားကြ၏။ သူတို့၏ကလေးများနှင့် သိုးဆိတ်များ၊ နွားများကိုမူ ဂေါရှင်အရပ်၌ ထားခဲ့ကြ၏။ Common Language Bible ယောသပ်၏မိသားစု၊ သူ၏ညီအစ်ကိုများ နှင့်သူ၏ဆွေမျိုးသားချင်းအပေါင်းတို့သည် လည်း သူနှင့်အတူလိုက်ပါလာခဲ့ကြ၏။ သူ တို့၏ကလေးငယ်များ၊ သိုး၊ ဆိတ်နှင့်နွား အုပ်များသာလျှင်ဂေါရှင်အရပ်တွင်ကျန် ရစ်ခဲ့ကြ၏။- Garrad Bible ယော သပ် အိမ် သူ အိမ် သား၊ ညီ အစ် ကို တို့ မှ စ သော အ ဘ အိမ် ထောင် သား ချင်း တို့ ပါ အ တူ လိုက် ကြ၏။ သူ ငယ် များ ကို ကား၊ သိုး၊ ဆိတ်၊ နွား များ နှင့် ဂေါ ရှင် နယ်၌ ချန် ထား ခဲ့ လေ ၏။ Judson Bible ယောသပ်အိမ်သား၊ အစ်ကိုတို့အိမ်သား၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ၏။ သူငယ်တို့နှင့်သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။ |
ထို့ကြောင့် ယောသပ်သည် မိမိဖခင်ကိုသင်္ဂြိုဟ်ရန်ထွက်သွားလေ၏။ သူနှင့်အတူ ဖာရောမင်းကြီး၏အမှုထမ်းများဖြစ်သော ဖာရောမင်းကြီးနန်းတော်ရှိသက်ကြီးဝါကြီးအားလုံး၊ အီဂျစ်ပြည်၏သက်ကြီးဝါကြီးအားလုံး၊
စစ်ရထားနှင့်မြင်းစီးသူရဲတို့သည်လည်း လိုက်ပါသွားကြသဖြင့် အလွန်ကြီးမားသောလူအုပ်ကြီးဖြစ်လေ၏။
အကျွန်ုပ်တို့သည် ထာဝရဘုရားအား မည်သည့်အကောင်ဖြင့်ပူဇော်ရမည်ကို ထိုအရပ်သို့မရောက်မီ မသိနိုင်ပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန် ထိုအကောင်တို့ထဲမှ ရွေးယူရမည်ဖြစ်သောကြောင့် အကျွန်ုပ်တို့၏တိရစ္ဆာန်များ တစ်ကောင်မျှမကျန် အကျွန်ုပ်တို့နှင့်အတူပါသွားရမည်”ဟု လျှောက်လေ၏။