“ဤသားသည် ထာဝရဘုရားကျိန်တော်မူသောမြေကြီးပေါ်၌ ငါတို့လုပ်ရသောအလုပ်နှင့် ငါတို့လက်ဖြင့်လုပ်ရသောပင်ပန်းခက်ခဲမှုမှ ငါတို့ကိုသက်သာရာရစေသောသားဖြစ်လိမ့်မည်”ဟု ဆိုလျက် သူ၏အမည်ကို နောဧ ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 5:30 - မြန်မာ့စံမီသမ္မာကျမ်း နောဧကိုရပြီးနောက် လာမက်သည် ငါးရာကိုးဆယ့်ငါးနှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။ Common Language Bible သူသည်ငါးရာကိုးဆယ့်ငါးနှစ်ဆက်၍အသက် ရှည်၍နေထိုင်စဉ် သားသမီးများထပ်၍ရသေး ၏။- Garrad Bible နော ဧ ကို ရ ပြီး နောက် လာ မက် သည် အ နှစ် ငါး ရာ့ ကိုး ဆယ့် ငါး နှစ် နေ လျက် သား သ မီး များ ကို ရ သေး ၏။ Judson Bible နောဧဖွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ |
“ဤသားသည် ထာဝရဘုရားကျိန်တော်မူသောမြေကြီးပေါ်၌ ငါတို့လုပ်ရသောအလုပ်နှင့် ငါတို့လက်ဖြင့်လုပ်ရသောပင်ပန်းခက်ခဲမှုမှ ငါတို့ကိုသက်သာရာရစေသောသားဖြစ်လိမ့်မည်”ဟု ဆိုလျက် သူ၏အမည်ကို နောဧ ဟုမှည့်ခေါ်လေ၏။
လာမက်သည် နှစ်ပေါင်းခုနစ်ရာခုနစ်ဆယ့်ခုနစ်နှစ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။
ရှေသကိုရပြီးနောက် အာဒံသည် အနှစ်ရှစ်ရာအသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။