ကမ္ဘာဦး 5:29 - မြန်မာ့စံမီသမ္မာကျမ်း “ဤသားသည် ထာဝရဘုရားကျိန်တော်မူသောမြေကြီးပေါ်၌ ငါတို့လုပ်ရသောအလုပ်နှင့် ငါတို့လက်ဖြင့်လုပ်ရသောပင်ပန်းခက်ခဲမှုမှ ငါတို့ကိုသက်သာရာရစေသောသားဖြစ်လိမ့်မည်”ဟု ဆိုလျက် သူ၏အမည်ကို နောဧ ဟုမှည့်ခေါ်လေ၏။ Common Language Bible ``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။- Garrad Bible ဤ သူ သည် ကား ထာ ဝ ရ ဘု ရား ထံ မှ အမင်္ဂ လာ ကို ခံ ပြီး သော မြေ၌ လုပ် ကိုင် လျက် ပင် ပန်း စွာ ခံ ရ သော ငါ တို့ အား သက် သာ စေ သော သူ ဖြစ် လိမ့် မည် ဟူ၍ နော ဧ အ မည် ဖြင့် မှည့် လေ ၏။ Judson Bible ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသောမြေ၌လုပ်၍၊ ပင်ပန်းစွာခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍၊ သူ့ကို နောဧဟူသောအမည်ဖြင့် မှည့်လေ၏။ |
နောဧကိုရပြီးနောက် လာမက်သည် ငါးရာကိုးဆယ့်ငါးနှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
ဘုရားသခင်သည် လူမှစ၍ ယဉ်ပါးသောတိရစ္ဆာန်များ၊ တွားသွားသောတိရစ္ဆာန်များနှင့် မိုးကောင်းကင်ငှက်များအပါအဝင် မြေပြင်ပေါ်ရှိသတ္တဝါအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းတော်မူသဖြင့် ၎င်းတို့သည် မြေကြီးပေါ်မှ ပျောက်ပျက်သွားလေ၏။ နောဧမှစ၍ သူနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကြွင်းကျန်ကြလေ၏။
သင့်ကိုသနားစုံမက်တော်မူသောထာဝရဘုရားက “ဤအမှုသည် နောဧလက်ထက် ရေလွှမ်းမိုးသကဲ့သို့ဖြစ်၏။ နောဧလက်ထက်၌ ရေလွှမ်းမိုးသကဲ့သို့ ကမ္ဘာမြေကြီးကို နောက်တစ်ဖန်ရေမလွှမ်းမိုးရဟု ငါကျိန်ဆိုခဲ့သည့်နည်းတူ သင့်ကိုအမျက်မထွက်၊ အပြစ်တင်ဆုံးမခြင်းလည်းမပြုဟု ငါကျိန်ဆို၏။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါအသက်ရှင်သည်နှင့်အညီ ထိုပြည်ထဲတွင် နောဧ၊ ဒံယေလ၊ ယောဘတို့ရှိလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးကို ကယ်တင်နိုင်မည်မဟုတ်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ရှာလသည် ကာဣနန်၏သား၊ ကာဣနန်သည် အာဖာဇဒ်၏သား၊ အာဖာဇဒ်သည် ရှေမ၏သား၊ ရှေမသည် နောဧ၏သား၊ နောဧသည် လာမက်၏သား၊
အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
ထိုဝိညာဉ်များမှာ တစ်ချိန်က နောဧလက်ထက်၌ သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းတော်မူသော်လည်း နာခံခြင်းမရှိခဲ့သောဝိညာဉ်များဖြစ်ကြ၏။ ထိုသင်္ဘောထဲ၌ ရှစ်ယောက်မျှဖြစ်သော လူအနည်းငယ်တို့သာ ရေမှတစ်ဆင့် ကယ်တင်ခြင်းခံရကြ၏။
ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။