ထိုအခါ ရုဗင်က ဖခင်အား “အကျွန်ုပ်သည် ဗင်္ယာမိန်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်၏သားနှစ်ယောက်ကိုသတ်ပါလော့။ ဗင်္ယာမိန်ကို အကျွန်ုပ်လက်၌အပ်ပါ။ အကျွန်ုပ်သည် သူ့ကို အဖေ့ထံသို့ ပြန်ခေါ်ဆောင်လာပါမည်”ဟု ဆို၏။
ကမ္ဘာဦး 46:9 - မြန်မာ့စံမီသမ္မာကျမ်း ရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုန်၊ ကာမိ တို့ဖြစ်ကြ၏။ Common Language Bible ရုဗင်၏သားများဖြစ်ကြသော ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ၊- Garrad Bible ယာ ကုပ် သား ဦး၊ ရု ဗင် တည်း။ ရု ဗင် သား များ ကား ဟာ နုတ်၊ ဖာ လု၊ ဟေ ဇ ရုံ၊ ကာ မိ တို့ တည်း။ Judson Bible ရုဗင်သား။ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ။ |
ထိုအခါ ရုဗင်က ဖခင်အား “အကျွန်ုပ်သည် ဗင်္ယာမိန်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်၏သားနှစ်ယောက်ကိုသတ်ပါလော့။ ဗင်္ယာမိန်ကို အကျွန်ုပ်လက်၌အပ်ပါ။ အကျွန်ုပ်သည် သူ့ကို အဖေ့ထံသို့ ပြန်ခေါ်ဆောင်လာပါမည်”ဟု ဆို၏။
ရှိမောင်၏သားများမှာ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာနှင့် ခါနာန်အမျိုးသမီး၏သားရှောလ တို့ဖြစ်ကြ၏။
အီဂျစ်ပြည်သို့ရောက်လာသော အစ္စရေး၏သားမြေးများတည်းဟူသော ယာကုပ်နှင့်သူ၏သားမြေးများ၏အမည်ကား ဤသို့တည်း။ ယာကုပ်၏သားဦးမှာ ရုဗင် ဖြစ်၏။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ တို့ဖြစ်ကြ၏။
အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကား ဤသူတို့တည်း။ အစ္စရေး၏သားဦးဖြစ်သူရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုန်၊ ကာမိ တို့ဖြစ်ကြ၏။ ဤသည်ကား ရုဗင်၏မျိုးနွယ်စုဖြစ်၏။
လေဝိသားမြေးတို့၏ဆွေစဉ်မျိုးဆက်အမည်များကား ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။ လေဝိအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
အစ္စရေး၏သားဦးဖြစ်သော ရုဗင်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ၏အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သော ယောက်ျားအားလုံး၏အရေအတွက်မှာ
ဤသည်ကား ရုဗင်၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ လေးသောင်းသုံးထောင်ခုနစ်ရာ့သုံးဆယ်ရှိ၏။