ယာကုပ်သည် သူ၏သားသမီးများ၊ သားသမီးတို့၏သားသမီးများစသော မိမိသားမြေးအပေါင်းတို့ကို အီဂျစ်ပြည်သို့ မိမိနှင့်အတူခေါ်ဆောင်သွားလေ၏။
သား သ မီး မြေး မှ စ သော အ မျိုး အ နွယ် အ ပေါင်း တို့ သည် အိ ဂျစ် ပြည် သို့ သူ နှင့် အ တူ ပါ သွား ကြ ၏။
ယာကုပ်သည်ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည်သို့ ဆောင်သွားလေ၏။
ယာကုပ်၏သားတို့သည် ထိုသတင်းကိုကြားလျှင်ကြားချင်း တောမှပြန်လာကြ၏။ သူတို့သည် စိတ်ထိခိုက်၍ အလွန်အမျက်ထွက်ကြ၏။ အကြောင်းမူကား ရှေခင်သည် ယာကုပ်၏သမီးနှင့်အိပ်ခြင်းဖြင့် အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကိုပြု၏။ ဤအမှုသည် မပြုအပ်သောအမှုဖြစ်၏။
သူတို့သည် မိမိတို့၏တိရစ္ဆာန်များနှင့် ခါနာန်ပြည်၌မိမိတို့စုဆောင်းရရှိသည့်ဥစ္စာများကိုလည်း ယူသွားကြ၏။ ဤသို့ဖြင့် ယာကုပ်နှင့်တကွ သူနှင့်အတူနေသောသူ၏သားမြေးအပေါင်းတို့သည် အီဂျစ်ပြည်သို့သွားကြ၏။
အီဂျစ်ပြည်သို့ရောက်လာသော အစ္စရေး၏သားမြေးများတည်းဟူသော ယာကုပ်နှင့်သူ၏သားမြေးများ၏အမည်ကား ဤသို့တည်း။ ယာကုပ်၏သားဦးမှာ ရုဗင် ဖြစ်၏။
ထို့နောက် အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်သို့ရောက်လာပြီး ယာကုပ်သည် ဟာမပြည်တွင် ဧည့်သည်အဖြစ် တည်းခိုနေထိုင်လေ၏။
ဘုရားရှင်ထာဝရဘုရားက “ငါ၏လူမျိုးတော်သည် ယခင်က အီဂျစ်ပြည်တွင်နေထိုင်ရန် ဆင်းသွားကြ၏။ အဆီးရီးယားလူမျိုးတို့သည် သူတို့ကို အကြောင်းမဲ့ နှိပ်စက်ကြ၏။
အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ရောက်သွားပြီး အကျွန်ုပ်တို့သည် အီဂျစ်ပြည်၌ ကာလကြာမြင့်စွာနေထိုင်ကြပါ၏။ အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ဆိုးညစ်သောအမှုပြုကြပါ၏။
ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။
ထိုအခါ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ‘အကျွန်ုပ်၏ဘိုးဘေးသည် လှည့်လည်သွားလာနေသူ အာရံလူမျိုးဖြစ်ပါ၏။ သူသည် အီဂျစ်ပြည်သို့ လူအနည်းငယ်နှင့် ဆင်းသွား၍ ထိုပြည်၌တည်းခိုနေထိုင်ပါ၏။ သို့သော် ထိုပြည်၌ပင် အင်အားကြီး၍များပြားသောလူမျိုးကြီးဖြစ်လာပါ၏။
ဣဇက်အား သားယာကုပ်နှင့်ဧသောကို ငါပေး၏။ ဧသောအား စိရတောင်ကို ငါအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကား အီဂျစ်ပြည်သို့ဆင်းသွားကြ၏။