အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
ကမ္ဘာဦး 46:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယာကုပ်သည် ဗေရရှေဘအရပ်မှထသွားလေ၏။ ယာကုပ်ကိုခေါ်ဆောင်ရန်အတွက် ဖာရောမင်းကြီးပေးလိုက်သောလှည်းများဖြင့် အစ္စရေး၏သားတို့သည် မိမိတို့ဖခင်ယာကုပ်နှင့်တကွ ကလေးများ၊ မိန်းမများကိုခေါ်ဆောင်သွားကြ၏။ Common Language Bible ထိုနောက်ယာကုပ်သည်ဗေရရှေဘအရပ်မှ ထွက်လာခဲ့လေသည်။ သူ၏သားတို့သည်မိမိ တို့၏အဖယာကုပ်၊ သူတို့၏မယားများ၊ သား သမီးငယ်များအားဖာရောဘုရင်ပို့လိုက် သောလှည်းများကိုစီးစေကြ၏။- Garrad Bible ထို နောက် ဗေ ရ ရှေ ဘ အ ရပ် မှ ယာ ကုပ် ထွက် ရာ သူ စီး ရန် ဖာ ရော မင်း ပို့ လိုက် သော လှည်း များ တွင် ဣ သ ရေ လ သား တို့ သည် အ ဘ ယာ ကုပ် မှ စ၍ မိန်း မ များ နှင့် သူ ငယ် များ တို့ ကို စီး စေ ၍၊ Judson Bible တစ်ဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဖို့ ဖာရောမင်းပေးလိုက်သောလှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကိုဆောင်လျက်၊ |
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
အစ္စရေး၏သားတို့သည် ထိုအတိုင်းပြုကြ၏။ ယောသပ်သည် ဖာရောမင်းကြီး၏အမိန့်အတိုင်း သူတို့အား လှည်းများကို ပေး၍ လမ်းခရီးအတွက် စားနပ်ရိက္ခာကို ပေး၏။
သူတို့သည် ယောသပ်ပြောသောစကားအလုံးစုံကို ယာကုပ်အားပြောပြပြီး သူ့ကိုခေါ်ဆောင်ရန်အတွက် ယောသပ်ပေးလိုက်သောလှည်းများကိုမြင်သောအခါမှ သူတို့၏ဖခင်ယာကုပ်သည် သတိပြန်ဝင်လာလေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေကိုဆင့်ခေါ်၍ “ထာဝရဘုရားအား ဝတ်ပြုရန်သွားကြလော့။ သို့သော် သင်တို့၏သိုးဆိတ်များ၊ နွားများကို ထားခဲ့ရမည်။ သင်တို့၏ကလေးများမူကား သင်တို့နှင့်အတူသွားနိုင်သည်”ဟု ဆိုလေ၏။
အကျွန်ုပ်တို့သည် ထာဝရဘုရားအား မည်သည့်အကောင်ဖြင့်ပူဇော်ရမည်ကို ထိုအရပ်သို့မရောက်မီ မသိနိုင်ပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန် ထိုအကောင်တို့ထဲမှ ရွေးယူရမည်ဖြစ်သောကြောင့် အကျွန်ုပ်တို့၏တိရစ္ဆာန်များ တစ်ကောင်မျှမကျန် အကျွန်ုပ်တို့နှင့်အတူပါသွားရမည်”ဟု လျှောက်လေ၏။
ဤသို့ဖြင့် ယာကုပ်သည် အီဂျစ်ပြည်သို့ဆင်းသွား၍ သူနှင့် ငါတို့၏ဘိုးဘေးများသည် ထိုပြည်၌သေဆုံးခဲ့ကြ၏။
ယာကုပ်သည် အီဂျစ်ပြည်သို့ ရောက်သွားပြီးနောက် သင်တို့၏ဘိုးဘေးတို့သည် ထာဝရဘုရားထံ အော်ဟစ်ကြ၏။ ထိုအခါ ထာဝရဘုရားသည် မောရှေနှင့်အာရုန်ကို စေလွှတ်တော်မူ၍ သူတို့သည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ဤအရပ်တွင် နေထိုင်စေ၏။