အဖေသည် ဂေါရှင်အရပ်၌ နေထိုင်ရမည်။ အဖေနှင့်တကွ အဖေ၏သားသမီးများ၊ မြေးများ၊ သိုးဆိတ်များ၊ နွားအုပ်များ၊ အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် အကျွန်ုပ်အနားတွင်ရှိရမည်။
ကမ္ဘာဦး 45:9 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ဖခင်ထံသို့အလျင်အမြန်ပြန်သွားကြ၍ ဖခင်အား အဖေ့သားယောသပ်က ‘ဘုရားသခင်သည် အကျွန်ုပ်ကို အီဂျစ်ပြည်တစ်ပြည်လုံး၏သခင်အရာ၌ ခန့်ထားတော်မူပြီ။ အကျွန်ုပ်ထံသို့လာပါလော့။ အချိန်မဆွဲနှင့်။ Common Language Bible ယခုသင်တို့သည်ဖခင်ထံသို့အလျင်အမြန် သွား၍ ဖခင်အား`ဘုရားသခင်သည်သား ယောသပ်အား အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးရသောမင်းအရာ၌ခန့်ထားတော် မူပြီ။ သားထံသို့အမြန်လာပါလော့။- Garrad Bible အ ဘ ထံ သို့ အ မြန် သွား၍ ကြား ပြော ရ မည် မှာ ဘု ရား သ ခင် သည် ကျွန် တော် ကို အိ ဂျစ် နိုင် ငံ ချုပ် မင်း အ ရာ၌ ခန့် ထား တော် မူ ပါ ပြီ။ မ ဆိုင်း မ လင့် ဘဲ ကျွန် တော့် ထံ လာ ပါ။ Judson Bible အလျင်အမြန်ထ၍ အဘထံသို့သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။ |
အဖေသည် ဂေါရှင်အရပ်၌ နေထိုင်ရမည်။ အဖေနှင့်တကွ အဖေ၏သားသမီးများ၊ မြေးများ၊ သိုးဆိတ်များ၊ နွားအုပ်များ၊ အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် အကျွန်ုပ်အနားတွင်ရှိရမည်။
အီဂျစ်ပြည်၌ အကျွန်ုပ်ရသောဂုဏ်သရေရှိသမျှနှင့် သင်တို့တွေ့မြင်သောအရာရှိသမျှတို့ကို အကျွန်ုပ်၏ဖခင်အားပြောပြရမည်။ သင်တို့သည် အလျင်အမြန်သွား၍ အကျွန်ုပ်၏ဖခင်ကို ဤအရပ်သို့ခေါ်ဆောင်ခဲ့ရမည်”ဟု ဆိုလေ၏။
ထို့နောက် ယောသပ်သည် လူလွှတ်၍ မိမိ၏ဖခင်ယာကုပ်နှင့်တကွ ခုနစ်ဆယ့်ငါးယောက်ရှိသော ဆွေမျိုးသားချင်းအားလုံးကို ခေါ်လေ၏။