ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။
ကမ္ဘာဦး 45:2 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အသံကိုလွှင့်၍ငိုကြွေးသဖြင့် အီဂျစ်ပြည်သားတို့သည်ကြားကြ၏။ ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့သည်လည်း ကြားကြ၏။ Common Language Bible သို့ရာတွင်သူ၏ကျယ်လောင်စွာငိုကြွေးသံကို အီဂျစ်အမျိုးသားတို့ကြားရ၏။ ထိုသို့ငို ကြွေးသည့်သတင်းသည်ဖာရောဘုရင်နန်း တော်သို့တိုင်အောင်ပေါက်ကြားလေ၏။- Garrad Bible သူ သည် သည်း စွာ ငို ကြွေး သ ဖြင့် အိ ဂျစ် ပြည် သား တို့ နှင့် နန်း တော် သား တို့ ကြား ကြ လေ ၏။ Judson Bible သူသည်လည်း ကျယ်သောအသံနှင့်ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင်ကြားကြ၏။ |
ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။
ယောသပ်သည် မိမိညီကို အလွန်ကရုဏာသက်သောကြောင့် အလျင်အမြန်ထွက်သွား၍ ငိုကြွေးရန်နေရာရှာပြီး အတွင်းခန်းထဲသို့ဝင်၍ ငိုကြွေးလေ၏။
ထို့နောက် ယောသပ်သည် မိမိညီဗင်္ယာမိန်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။ ဗင်္ယာမိန်သည်လည်း ယောသပ်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။
ယောသပ်သည် မိမိ၏အစ်ကိုအပေါင်းတို့ကိုလည်းနမ်း၍ ငိုကြွေးလေ၏။ ထို့နောက်မှ သူ၏ညီအစ်ကိုတို့သည် သူနှင့်စကားပြောကြ၏။
ယောသပ်သည် မိမိရထားကိုအသင့်ပြင်ဆင်စေပြီးလျှင် မိမိဖခင်အစ္စရေးနှင့်တွေ့ဆုံရန် ဂေါရှင်အရပ်သို့သွားလေ၏။ ဖခင်ကိုတွေ့သောအခါ ဖခင်၏လည်ပင်းကိုဖက်၍ အတန်ကြာငိုကြွေးလေ၏။
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
ထိုအခါ လူထုအပေါင်းတို့သည် ကျယ်လောင်စွာအော်ဟစ်ကြ၏။ ထိုည၌လည်း လူတို့သည် ငိုကြွေးကြ၏။
သင်တို့သည် နောက်အိမ်ထောင်ပြုပြီး အေးချမ်းစွာနေရသောအခွင့်ကို သင်တို့အား ထာဝရဘုရား ပေးသနားတော်မူပါစေသော”ဟု ဆိုပြီး သူတို့ကို နမ်းရာ သူတို့သည် အော်ဟစ်ငိုကြွေး၍