ကမ္ဘာဦး 45:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောသပ်သည် မိမိညီဗင်္ယာမိန်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။ ဗင်္ယာမိန်သည်လည်း ယောသပ်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။ Common Language Bible ထိုသို့မှာကြားပြီးနောက်ညီဗင်္ယာမိန်ကိုဖက်၍ ငို၏။ ဗင်္ယာမိန်ကလည်းယောသပ်ကိုဖက်၍ငို၏။- Garrad Bible ယော သပ် နှင့် ဗင်္ယာ မိန် တို့ သည် လည် ရှက် ဖက် ယမ်း ငို ကြွေး ကြ ၏။ Judson Bible ညီဗင်္ယာမိန်လည်ပင်းကိုဖက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ငိုလေ၏။ |
ဧသောသည် ပြေးလာ၍သူနှင့်တွေ့ဆုံပြီး သူ့ကိုပွေ့ဖက်လျက်၊ လည်ချင်းယှက်လျက် နမ်းလေ၏။ ထို့နောက် သူတို့သည် ငိုကြွေးကြ၏။
ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။
ယောသပ်သည် မိမိညီကို အလွန်ကရုဏာသက်သောကြောင့် အလျင်အမြန်ထွက်သွား၍ ငိုကြွေးရန်နေရာရှာပြီး အတွင်းခန်းထဲသို့ဝင်၍ ငိုကြွေးလေ၏။
ယောသပ်သည် မိမိ၏အစ်ကိုအပေါင်းတို့ကိုလည်းနမ်း၍ ငိုကြွေးလေ၏။ ထို့နောက်မှ သူ၏ညီအစ်ကိုတို့သည် သူနှင့်စကားပြောကြ၏။
သူသည် အသံကိုလွှင့်၍ငိုကြွေးသဖြင့် အီဂျစ်ပြည်သားတို့သည်ကြားကြ၏။ ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့သည်လည်း ကြားကြ၏။
ယောသပ်သည် မိမိရထားကိုအသင့်ပြင်ဆင်စေပြီးလျှင် မိမိဖခင်အစ္စရေးနှင့်တွေ့ဆုံရန် ဂေါရှင်အရပ်သို့သွားလေ၏။ ဖခင်ကိုတွေ့သောအခါ ဖခင်၏လည်ပင်းကိုဖက်၍ အတန်ကြာငိုကြွေးလေ၏။
ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။
အသိတရားကင်းမဲ့သောသူ၊ ကတိမတည်သောသူ၊ ကြင်နာစိတ်ကင်းမဲ့သောသူ၊ သနားခြင်းစိတ်မရှိသောသူများဖြစ်ကြ၏။