အီဂျစ်ပြည်မှ သူတို့ယူဆောင်လာသောစားနပ်ရိက္ခာကိုစား၍ကုန်သောအခါ ဖခင်ကသူတို့အား “တစ်ဖန်သွား၍ ငါတို့အတွက် အစားအစာအနည်းငယ်ကို ဝယ်ယူကြလော့”ဟု ဆို၏။
ကမ္ဘာဦး 44:25 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အကျွန်ုပ်တို့၏ဖခင်က ‘တစ်ဖန်သွား၍ ငါတို့အတွက် အစားအစာအနည်းငယ်ကို ဝယ်ယူကြလော့’ဟု ဆို၏။ Common Language Bible ထိုနောက်အဖက`သင်တို့သွား၍ငါတို့အတွက် ရိက္ခာဝယ်ဦးလော့' ဟုစေခိုင်းပါသည်။- Garrad Bible ထို နောက် ငါ တို့ သုံး ဆောင် ရန် အ နည်း ငယ် ကို သွား ဝယ် ကြ ဦး ဟု အ ဘ ဆို သော်၊ Judson Bible ကျွန်တော်တို့အဘကလည်း၊ တစ်ဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ၊ |
အီဂျစ်ပြည်မှ သူတို့ယူဆောင်လာသောစားနပ်ရိက္ခာကိုစား၍ကုန်သောအခါ ဖခင်ကသူတို့အား “တစ်ဖန်သွား၍ ငါတို့အတွက် အစားအစာအနည်းငယ်ကို ဝယ်ယူကြလော့”ဟု ဆို၏။
မလွှတ်လျှင် အကျွန်ုပ်တို့မသွားပါ။ အကြောင်းမူကား ထိုသူက ‘သင်တို့၏ညီသည် သင်တို့နှင့်အတူမပါလာလျှင် ငါ့မျက်နှာကို သင်တို့မြင်ရမည်မဟုတ်’ဟု အကျွန်ုပ်တို့အားပြောပါ၏”ဟု ဖခင်အားဆိုလေ၏။
အကျွန်ုပ်တို့သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်တို့၏ဖခင်ထံသို့ ပြန်ရောက်သောအခါ သခင့်စကားကို ဖခင်အားပြောပြကြပါ၏။
သို့သော် အကျွန်ုပ်တို့က ‘အကျွန်ုပ်တို့မသွားနိုင်ပါ။ အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူမပါလျှင် ထိုသူ၏မျက်နှာကို မြင်ရမည်မဟုတ်။ ထို့ကြောင့် အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူပါလျှင် အကျွန်ုပ်တို့သွားပါမည်’ဟု ပြန်ပြောကြပါ၏။