ယောသပ်သည် လှမ်းကြည့်၍ မိမိမိခင်၏သား၊ မိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ “ဤသူသည် သင်တို့ပြောသည့် သင်တို့၏ညီအငယ်ဆုံးလော”ဟု ဆိုပြီး “ငါ့သား၊ ဘုရားသခင် သင့်ကိုသနားတော်မူပါစေသော”ဟု ဆိုလေ၏။
ကမ္ဘာဦး 44:19 - မြန်မာ့စံမီသမ္မာကျမ်း သခင်က သခင့်အစေအပါးတို့အား ‘သင်တို့၌ ဖခင်ရှိသလော၊ ညီရှိသလော’ဟု မေးသဖြင့် Common Language Bible အရှင်က`သင်တို့တွင်ဖခင်ရှိသေးသလော။ ညီရှိ သေးသလော' ဟုမေးပါသည်။- Garrad Bible အ ဘ ရှိ သေး သ လော။ ညီ ရှိ သေး သ လော ဟု မေး တော် မူ လျှင်၊ Judson Bible သခင်က၊ သင်တို့သည်အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်၊ |
ယောသပ်သည် လှမ်းကြည့်၍ မိမိမိခင်၏သား၊ မိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ “ဤသူသည် သင်တို့ပြောသည့် သင်တို့၏ညီအငယ်ဆုံးလော”ဟု ဆိုပြီး “ငါ့သား၊ ဘုရားသခင် သင့်ကိုသနားတော်မူပါစေသော”ဟု ဆိုလေ၏။
သူတို့ကလည်း “ထိုသူက ‘သင်တို့၏ဖခင်အသက်ရှင်သေးသလော။ သင်တို့၌ညီရှိသလော’ဟု ဆိုလျက် အကျွန်ုပ်တို့အကြောင်း၊ အကျွန်ုပ်တို့၏ဆွေမျိုးသားချင်းအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းသောကြောင့် အကျွန်ုပ်တို့သည် ထိုစကားများအလိုက် သူ့ကိုပြန်ဖြေရပါ၏။ ‘သင်တို့ညီကိုခေါ်ဆောင်ခဲ့လော့’ဟု သူပြောလိမ့်မည်ကို အကျွန်ုပ်တို့အမှန်သိနိုင်ပါမည်လော”ဟု ပြန်ပြောကြ၏။
အကျွန်ုပ်တို့ကလည်း သခင့်အား ‘အကျွန်ုပ်တို့၌ အသက်ကြီးပြီဖြစ်သောဖခင်နှင့် ဖခင်အသက်ကြီးမှရသောသားအငယ်ဆုံးတစ်ယောက်ရှိပါ၏။ သူ၏အစ်ကိုကား သေဆုံးသွားပါပြီ။ သူ့မိခင်ဖွားသောသားတွင် သူတစ်ယောက်တည်းကျန်ပါ၏။ သူ့ဖခင်သည် သူ့ကိုချစ်ပါ၏’ဟု ဖြေကြားခဲ့ပါ၏။