စခန်းချရာနေရာ၌ တစ်ယောက်သည် မိမိ၏မြည်းကိုအစာကျွေးရန် မိမိ၏အိတ်ကိုဖွင့်သောအခါ အိတ်ဝ၌ မိမိ၏ငွေကိုတွေ့၏။
ကမ္ဘာဦး 44:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့အသီးသီးသည် မိမိတို့အိတ်ကို မြေပေါ်သို့အလျင်အမြန်ချပြီး မိမိတို့အိတ်ကိုဖွင့်ကြ၏။ Common Language Bible ထိုကြောင့်သူတို့သည်အသီးသီးမိမိတို့ ၏အိတ်များကိုမြေပေါ်သို့အလျင်အမြန် ချ၍ဖွင့်ပြကြ၏။- Garrad Bible ကိုယ် စီ အိတ် ကို မြေ သို့ အ မြန် ချ၍ ဖွင့် ပြ ကြ ရာ၊ Judson Bible ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ်များကို မြေ၌ချ၍ဖွင့်ကြ၏။ |
စခန်းချရာနေရာ၌ တစ်ယောက်သည် မိမိ၏မြည်းကိုအစာကျွေးရန် မိမိ၏အိတ်ကိုဖွင့်သောအခါ အိတ်ဝ၌ မိမိ၏ငွေကိုတွေ့၏။
အိမ်ထိန်းက “ကောင်းပြီ။ သင်တို့၏စကားအတိုင်းဖြစ်စေ။ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကို တွေ့လျှင် ထိုသူသည် ငါ့ထံ၌ကျွန်ခံရမည်။ ကျန်သောသူတို့မူကား ကင်းလွတ်စေ”ဟု ဆိုလေ၏။
အိမ်ထိန်းသည်လည်း အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင်ရှာဖွေရာ ဗင်္ယာမိန်၏အိတ်ထဲ၌ ခွက်ကိုတွေ့လေ၏။