တစ်ဖန် ယာကုပ်က “အီဂျစ်ပြည်၌စားနပ်ရိက္ခာရှိကြောင်း ငါကြားရပြီ။ ငါတို့သည်မသေဘဲ အသက်ရှင်မည့်အကြောင်း ထိုပြည်သို့ဆင်းသွား၍ အစားအစာကို ဝယ်ယူကြလော့”ဟု ဆို၏။
ကမ္ဘာဦး 43:4 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့၏ညီကို အကျွန်ုပ်တို့နှင့်အတူလွှတ်လျှင် အဖေ့အတွက် အစားအစာကို အကျွန်ုပ်တို့သွား၍ဝယ်ယူပါမည်။ Common Language Bible အဖကညီကိုကျွန်တော်တို့နှင့်အတူသွား ခွင့်ပြုမည်ဆိုလျှင် ကျွန်တော်တို့သွား၍အဖ အတွက်ရိက္ခာဝယ်ယူပါမည်။- Garrad Bible ကျွန် တော် တို့ နှင့် အ တူ ညီ ကို ထည့် လျှင် အ ဘ သုံး ဆောင် ရန် သွား ဝယ် ကြ ပါ မည်။ Judson Bible ကျွန်ုပ်တို့ညီကိုထည့်လျှင်သွား၍ အဘစားဖို့ရာဝယ်ပါမည်။ |
တစ်ဖန် ယာကုပ်က “အီဂျစ်ပြည်၌စားနပ်ရိက္ခာရှိကြောင်း ငါကြားရပြီ။ ငါတို့သည်မသေဘဲ အသက်ရှင်မည့်အကြောင်း ထိုပြည်သို့ဆင်းသွား၍ အစားအစာကို ဝယ်ယူကြလော့”ဟု ဆို၏။
အီဂျစ်ပြည်မှ သူတို့ယူဆောင်လာသောစားနပ်ရိက္ခာကိုစား၍ကုန်သောအခါ ဖခင်ကသူတို့အား “တစ်ဖန်သွား၍ ငါတို့အတွက် အစားအစာအနည်းငယ်ကို ဝယ်ယူကြလော့”ဟု ဆို၏။
ယုဒကလည်း “ထိုသူက ‘သင်တို့နှင့်အတူ သင်တို့ညီ မပါလာလျှင် ငါ့မျက်နှာကို သင်တို့မြင်ရမည်မဟုတ်’ဟု အကျွန်ုပ်တို့ကို အသေအချာသတိပေးထားပါ၏။
မလွှတ်လျှင် အကျွန်ုပ်တို့မသွားပါ။ အကြောင်းမူကား ထိုသူက ‘သင်တို့၏ညီသည် သင်တို့နှင့်အတူမပါလာလျှင် ငါ့မျက်နှာကို သင်တို့မြင်ရမည်မဟုတ်’ဟု အကျွန်ုပ်တို့အားပြောပါ၏”ဟု ဖခင်အားဆိုလေ၏။
သို့သော် အကျွန်ုပ်တို့က ‘အကျွန်ုပ်တို့မသွားနိုင်ပါ။ အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူမပါလျှင် ထိုသူ၏မျက်နှာကို မြင်ရမည်မဟုတ်။ ထို့ကြောင့် အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူပါလျှင် အကျွန်ုပ်တို့သွားပါမည်’ဟု ပြန်ပြောကြပါ၏။