ညီတို့ထံသို့ပြန်လာ၍ “သူငယ်မရှိတော့ပါတကား။ ငါမည်သို့ပြုရပါမည်နည်း”ဟု ဆိုလေ၏။
ကမ္ဘာဦး 42:32 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောသားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ တစ်ယောက်ကား မရှိတော့ပါ။ အငယ်ဆုံးကား ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူ ခါနာန်ပြည်၌ နေခဲ့ပါသည်’ဟု လျှောက်ကြပါ၏။ Common Language Bible ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောညီအစ်ကို တစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါသည်။ တစ်ယောက် သည်သေဆုံး၍ ညီအငယ်ဆုံးသည်အဖနှင့် ခါနာန်ပြည်၌ရှိနေပါသည်' ဟုလျှောက်ကြ ပါသည်။- Garrad Bible တစ် ဘ တည်း သား ညီ အစ် ကို ဆယ့် နှစ် ယောက် ဖြစ် ကြ ပါ၏။ တစ် ယောက် ကား မ ရှိ ပါ။ ညီ ထွေး မှာ မူ ခါ နာန် ပြည်၌ အ ဘ ထံ ယ ခု နေ ရစ် ပါ သည် ဟု လျှောက် သော အ ခါ၊ Judson Bible တစ်ဘတည်းသား၊ ညီအစ်ကိုချင်း တစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ၏။ တစ်ယောက်ကားမရှိပါ။ အငယ်ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ်ပါသည်ဟု လျှောက်သောအခါ၊ |
ညီတို့ထံသို့ပြန်လာ၍ “သူငယ်မရှိတော့ပါတကား။ ငါမည်သို့ပြုရပါမည်နည်း”ဟု ဆိုလေ၏။
ထိုအခါ သူတို့က “သခင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ခါနာန်ပြည်က ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ အငယ်ဆုံးသည် ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူနေခဲ့ပါ၏။ ကျန်တစ်ယောက်ကား မရှိတော့ပါ”ဟု လျှောက်ကြ၏။
သို့သော်လည်း အကျွန်ုပ်တို့က သူ့အား ‘အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
ထိုပြည်၏အရှင်သခင်ကလည်း အကျွန်ုပ်တို့အား ‘သင်တို့သည် ရိုးသားသောသူများဖြစ်ကြောင်းကို ဤသို့ဖြင့် ငါသိရလိမ့်မည်။ သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို ငါ့ထံ၌ထားခဲ့လော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူ၍ ပြန်သွားကြလော့။
ထိုအရပ်တွင် သူတို့ကိုအုပ်စိုးသည့် အသေးငယ်ဆုံးသောဗင်္ယာမိန်အနွယ်ရှိ၍ သူတို့၏အုပ်စုထဲတွင် ယုဒအနွယ်၏အကြီးအကဲများ၊ ဇာဗုလုန်အနွယ်၏အကြီးအကဲများနှင့် နဿလိအနွယ်၏အကြီးအကဲများပါရှိကြပါ၏။