ရှောလုမင်းကြီး၏မြေး မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ကြိုဆိုရန် ဆင်းလာ၏။ ရှင်ဘုရင်ထွက်သွားသည့်နေ့မှစ၍ ဘေးကင်းစွာပြန်လာသည့်နေ့အထိ သူသည် ကိုယ့်ခြေကို မဆေး၊ နှုတ်ခမ်းမွေးကို မရိတ်၊ အဝတ်ကိုလည်း မလျှော်ဖွပ်ဘဲ နေ၏။
ကမ္ဘာဦး 41:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရောမင်းကြီးသည် လူလွှတ်၍ ယောသပ်ကိုခေါ်စေသဖြင့် ယောသပ်ကို မြေအောက်အကျဉ်းခန်းထဲမှ အလျင်အမြန်ထုတ်ဆောင်ကြ၏။ ယောသပ်သည် မုတ်ဆိတ်ရိတ်၍ အဝတ်အစားလဲပြီးလျှင် ဖာရောမင်းကြီးထံသို့အခစားဝင်လေ၏။ Common Language Bible ဘုရင်သည်ယောသပ်ကိုရှေ့တော်သို့သွင်းရန် အမိန့်ပေးတော်မူသဖြင့် သူ့အားအကျဉ်းထောင် မှချက်ချင်းထုတ်ဆောင်ခဲ့ကြလေသည်။ သူသည် မုတ်ဆိတ်ရိတ်၍အဝတ်လဲပြီးနောက်ဘုရင်ထံ သို့အခစားဝင်လေ၏။- Garrad Bible ထို အ ခါ ဖာ ရော မင်း သည် ယော သပ် ကို ခေါ် စေ သ ဖြင့် နှောင် တွင်း မှ အ ဆော တ လျင် ထုတ်၍ သူ သည်၊ ဆံ မုတ် ဆိတ် ရိတ် ခြင်း၊ အ ဝတ် လဲ ခြင်း များ ကို ပြု ပြီး လျှင် ရှေ့ တော် သို့ ဝင် ရောက် ရ ၏။ Judson Bible ထိုအခါဖာရောမင်းသည်လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲကအလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ်လဲခြင်းကိုပြုပြီးမှ အထံတော်သို့ဝင်ရ၏။ |
ရှောလုမင်းကြီး၏မြေး မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ကြိုဆိုရန် ဆင်းလာ၏။ ရှင်ဘုရင်ထွက်သွားသည့်နေ့မှစ၍ ဘေးကင်းစွာပြန်လာသည့်နေ့အထိ သူသည် ကိုယ့်ခြေကို မဆေး၊ နှုတ်ခမ်းမွေးကို မရိတ်၊ အဝတ်ကိုလည်း မလျှော်ဖွပ်ဘဲ နေ၏။
ဤသို့ဖြင့် ယောယခိမ်မင်းကြီးသည် ထောင်အဝတ်ကိုလဲ၍ သူအသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်ဘေဘီလုံဘုရင်ထံ၌ စားသောက်ခွင့်ရ၏။
ထို့နောက် သုံးရက်မြောက်နေ့တွင် ဧသတာသည် နန်းဝတ်နန်းစားကိုဝတ်ဆင်၍ ဘုရင့်ခန်းမဆောင်နှင့်မျက်နှာချင်းဆိုင် နန်းတွင်းဆောင်တွင် ရပ်နေ၏။ ရှင်ဘုရင်သည်လည်း ဘုရင့်ခန်းမဆောင်အဝင်ဝသို့မျက်နှာမူလျက် ခန်းမတွင်းရှိရာဇပလ္လင်ပေါ်တွင် စံမြန်းနေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ဆင့်ခေါ်၍ “ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သင်တို့ကို ပြစ်မှားပါပြီ။
အကြောင်းမူကား ထိုလူငယ်သည် မိမိ၏နိုင်ငံတွင်ဆင်းရဲသောသူအဖြစ်မွေးဖွားလာသော်လည်း နန်းစံရန်အတွက် အကျဉ်းထောင်မှထွက်လာခဲ့သူဖြစ်၏။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
အာရုတ်ကလည်း ဒံယေလကို ရှင်ဘုရင်ထံ အလျင်အမြန်ခေါ်သွားပြီးလျှင် “အရှင်မင်းကြီး၏အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်မည့် ယုဒအမျိုးသုံ့ပန်းတစ်ဦးကို အကျွန်ုပ်တွေ့ပါပြီ”ဟု လျှောက်လေ၏။