ထိုအခါ ဖလားတော်ဝန်သည် မိမိ၏အိပ်မက်ကို ယောသပ်အားပြောပြလေ၏။ သူက “ငါ့ရှေ့တွင် စပျစ်ပင်တစ်ပင်ရှိ၏ဟု အိပ်မက်မက်၏။
ကမ္ဘာဦး 40:8 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “ငါတို့သည် အိပ်မက်မက်ကြ၏။ သို့သော် အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူ တစ်ယောက်မျှမရှိ”ဟု ပြန်ပြောကြ၏။ ယောသပ်ကလည်း “အနက်ဖွင့်ဆိုခြင်းသည် ဘုရားသခင်နှင့်ဆိုင်တော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အကျွန်ုပ်အားပြောပြကြပါလော့”ဟု သူတို့အားဆိုလေ၏။ Common Language Bible သူတို့က``ငါတို့တစ်ယောက်စီအိပ်မက်မြင်မက် ကြပါသည်။ သို့ရာတွင်အိပ်မက်၏အနက်ကို ဖွင့်ပြနိုင်သူမရှိပါ'' ဟုဖြေကြ၏။ ယောသပ်က``အိပ်မက်၏အနက်ဖွင့်ပြနိုင်စွမ်း ကိုထာဝရဘုရားသာပေးပါသည်။ သင်တို့ ၏အိပ်မက်များကိုကျွန်တော်အားပြောပြ ပါ'' ဟုဆိုလေ၏။ Garrad Bible သူ တို့ က လည်း၊ ငါ တို့ သည် အိပ် မက် ကို မြင် ရ ကြ ပြီ။ အ နက် ကို ဖတ် နိုင် သော သူ မ ရှိ ဟု ဆို ကြ သော်၊ ယော သပ် က၊ အ နက် ဉာဏ် ကို ဘု ရား သ ခင် ပိုင် တော် မူ သည် မ ဟုတ် လော။ ကျွန် တော် အား ပြန် ပြော ကြ ပါ ဟု ဆို ၏။ Judson Bible သူတို့ကလည်း၊ ငါတို့သည်အိပ်မက်ကိုမြင်ရပြီ။ အနက်ကိုဖတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ်က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အားကြားပြောကြပါဟုဆို၏။ |
ထိုအခါ ဖလားတော်ဝန်သည် မိမိ၏အိပ်မက်ကို ယောသပ်အားပြောပြလေ၏။ သူက “ငါ့ရှေ့တွင် စပျစ်ပင်တစ်ပင်ရှိ၏ဟု အိပ်မက်မက်၏။
ထိုအခါ ယောသပ်က ဖာရောမင်းကြီးအား “အရှင်ဖာရောမင်းကြီး၏အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။
လူအား သူဖြောင့်မှန်ကြောင်းဖော်ပြပေးနိုင်ရန် သူ့အတွက် ကြားဝင်စေ့စပ်ပေးနိုင်သောကောင်းကင်တမန် တစ်ထောင်တွင် တစ်ပါးသာရှိခဲ့လျှင်
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
အရှင်မင်းကြီး မေးသောမေးခွန်းမှာ ခက်ခဲလှ၏။ လူတို့ကဲ့သို့ရှင်သန်နေထိုင်ခြင်းမရှိသော နတ်ဘုရားများမှလွဲ၍ မည်သူမျှ အရှင်မင်းကြီး၏မေးခွန်းကို ဖော်ပြနိုင်သူမရှိပါ”ဟု ပြန်လျှောက်ကြ၏။
ဒံယေလက ရှင်ဘုရင်အား “အရှင်မင်းကြီးမေးသည့် နက်နဲသောအရာကို ပညာရှိများ၊ ဗေဒင်ဆရာများ၊ မှော်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များက အရှင်မင်းကြီးအား ဖော်ပြနိုင်မည်မဟုတ်ပါ။
သို့သော် နက်နဲသောအရာကို ဖွင့်ပြပေးနိုင်သောဘုရားသခင်တစ်ပါး ကောင်းကင်ဘုံတွင် ရှိတော်မူ၏။ ထိုဘုရားက နောင်ကာလဖြစ်ပျက်မည့်အရာများကို နေဗုခဒ်နေဇာမင်းကြီးအား ဖော်ပြတော်မူပြီ။ သလွန်တော်ပေါ်တွင် ရှင်ဘုရင်မြင်မက်တော်မူသောအိပ်မက်နှင့် တွေးတောရင်း စိတ်အာရုံတွင်မြင်ရသောအရာကား ဤသို့ဖြစ်၏။
ထိုအခါ ရှင်ဘုရင်က သူတို့အား “ငါသည် အိပ်မက်မက်ပြီး ထိုအိပ်မက်ကို သိလိုသောကြောင့် စိတ်သောကရောက်ရ၏”ဟု မိန့်ဆို၏။
ထို့ပြင် ရှင်ဘုရင်က ဒံယေလအား “စင်စစ် သင်၏ဘုရားသခင်သည် ဘုရားတကာတို့၏ဘုရား၊ ဘုရင်တကာတို့၏အရှင်သခင်၊ နက်နဲသောအရာကို ဖွင့်ပြနိုင်သောအရှင် ဖြစ်တော်မူ၏။ ထို့ကြောင့် သင်သည်လည်း ဤနက်နဲသောအရာကို ဖွင့်ပြနိုင်ခြင်း ဖြစ်၏”ဟု မိန့်ဆို၏။
နောက်ဆုံးတွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သော၊ ငါ့ဘုရား၏နာမအတိုင်း အမည်သစ်ရသောဗေလတရှာဇာ ခေါ် ဒံယေလသည် ငါ့ထံရောက်လာ၏။ ငါသည်လည်း သူ့အား
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။