အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 40:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

စားတော်ဝန်​သည် ယောသပ်​ဖွင့်ပြ​သော​အနက်​ကောင်း​သည်​ကို​သိမြင်​သောအခါ ယောသပ်​အား “​ငါ​သည်​လည်း အိပ်မက်​မက်​၏​။ ငါ့​အိပ်မက်​ထဲ၌ ငါ့​ခေါင်း​ပေါ်တွင် အဖြူရောင်​တောင်း​သုံး​လုံး​ရွက်​ထား​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

စား​တော်​ဆက်​ဝန်​သည်​ဖလား​တော်​ဆက်​ဝန်​၏ အိပ်​မက်​အ​နက်​ကောင်း​သည်​ကို​သိ​မြင်​လျှင် ယော​သပ်​အား``ငါ​လည်း​အိပ်​မက်​မြင်​မက်​သည်။ အိပ်​မက်​ထဲ​၌​ငါ​သည်​မုန့်​တောင်း​သုံး​လုံး​ကို ဦး​ခေါင်း​ပေါ်​တွင်​ရွက်​လာ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို အ နက် ကောင်း သည် ကို စား တော် ဝန် သိ လျှင် ငါ့ အိပ် မက် တွင် ကား၊ မုန့် ဖြူ ပါ သော တောင်း သုံး လုံး ကို ရွက် ရာ၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အိပ်​မက်​အ​နက်​ကောင်း​သည်​ကို စား​တော်​ဝန်​သိ​မြင်​လျှင်၊ ငါ​သည်​လည်း ဖြူ​သော​တောင်း​သုံး​လုံး​ကို ကိုယ်​တိုင်​ရွက်​နေ​သည်​ကို မြင်​မက်​၏။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 40:16
3 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် အကျွန်ုပ်​သည် ဟေဗြဲ​ပြည်​မှ အတင်းအကျပ်​ခေါ်ဆောင်​လာ​ခြင်း​ခံ​ခဲ့​ရ​ပါ​၏​။ ဤ​အရပ်​၌​လည်း အကျွန်ုပ်​သည် အမှား​တစ်စုံတစ်ရာ​မ​ပြု​ခဲ့​ဘဲ အကျွန်ုပ်​ကို ဤ​မြေအောက်​အကျဉ်းခန်း​ထဲ၌​ထည့်​ထား​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။


အပေါ်ဆုံး​တောင်း​ထဲတွင် ဖာရော​မင်းကြီး​အတွက်​ဖုတ်​ထား​သော​စားစရာ​အမျိုးမျိုး​ရှိ​၏​။ သို့သော် ငှက်​တို့​သည် ငါ့​ခေါင်း​ပေါ်တွင်​ရွက်​ထား​သော​တောင်း​ထဲမှ ထို​စားစရာ​တို့​ကို​စား​ကြ​၏​”​ဟု ပြောပြ​လေ​၏​။