ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို ဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှဖြစ်လာသောလူကို ထိုမြေကိုပင် ထွန်ယက်လုပ်ကိုင်စေ၏။
ကမ္ဘာဦး 4:2 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူ့ညီအာဗေလကိုမွေးဖွားလေ၏။ အာဗေလသည် သိုးထိန်းဖြစ်၏။ ကာဣနမူကား မြေကိုထွန်ယက်လုပ်ကိုင်သောသူဖြစ်၏။ Common Language Bible ထိုနောက်သူ၏ညီအာဗေလကိုဖွားမြင်၏။ အာဗေလသည်သိုးထိန်းဖြစ်၍ ကာဣနကား လယ်သမားဖြစ်၏။- Garrad Bible တစ် ဖန် ညီ အာ ဗေ လ ကို ဖွား မြင် လေ၏။ အာ ဗေ လ သည် သိုး ထိန်း ဖြစ်၏။ ကာ ဣ န မူ ကား လယ် ယာ လုပ် သူ ဖြစ် ၏။ Judson Bible တစ်ဖန် သူ့ညီအာဗေလကို ဖွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကား လယ်လုပ်သောသူဖြစ်၏။ |
ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို ဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှဖြစ်လာသောလူကို ထိုမြေကိုပင် ထွန်ယက်လုပ်ကိုင်စေ၏။
အစ္စရေးက ယောသပ်အား “သင်၏အစ်ကိုတို့သည် ရှေခင်မြို့အနီး၌ သိုးဆိတ်တို့ကိုထိန်းကျောင်းနေသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ထံသို့ ငါစေလွှတ်မည်”ဟု ဆိုလျှင် သူက “ဟုတ်ကဲ့ပါ”ဟု ဆို၏။
ထို့နောက် လူသည် မိမိမယားဧဝနှင့်ဆက်ဆံသဖြင့် ဧဝသည် ကိုယ်ဝန်ဆောင်၍ ကာဣနကိုမွေးဖွားပြီးလျှင် “ငါသည် ထာဝရဘုရားထံတော်မှ သားတစ်ဦးကိုရရှိပြီ”ဟု ဆိုလေ၏။
အချိန်စေ့သောအခါ၊ ကာဣနသည် မြေမှရသောအသီးအနှံကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံယူဆောင်လာ၏။
ဖာရောမင်းကြီးက ယောသပ်၏ညီအစ်ကိုတို့အား “သင်တို့သည် မည်သည့်အလုပ်ကိုလုပ်ကိုင်ကြသနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ သခင့်အစေအပါးအကျွန်ုပ်တို့သည် သိုးထိန်းများဖြစ်ကြပါ၏”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။
သားသမီးတို့သည် ထာဝရဘုရားပေးတော်မူသောအမွေဖြစ်ကြ၏။ ဖွားမြင်သောရင်သွေးသည် ဆုလာဘ်တော်ဖြစ်၏။
မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။
သို့သော် ထာဝရဘုရားသည် ငါ့ကို သိုးကျောင်းရာမှ ခေါ်ထုတ်ပြီးလျှင် ထာဝရဘုရားက ‘ငါ့လူမျိုးတော်အစ္စရေးတို့အား သွား၍ပရောဖက်ပြုဟောပြောလော့’ဟု မိန့်ဆို၏။
ထို့ကြောင့် အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ သွန်းလောင်းခြင်းခံရသော ပရောဖက်အပေါင်းတို့၏သွေးကြွေးကို ဤမျိုးဆက်ထံမှ တောင်းယူလိမ့်မည်။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
ဖြောင့်မတ်ခြင်းတရားကိုမကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကိုမချစ်သောသူသည်လည်း ဘုရားသခင်နှင့်မစပ်ဆိုင်။ ဤသို့သောအားဖြင့် ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြားသိရှိနိုင်၏။
မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
မိမိညီအစ်ကိုကိုမုန်းသောသူတိုင်းသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမား၌မျှ ထာဝရအသက်မတည်ကြောင်းကိုလည်း သင်တို့သိကြ၏။