ထိုအခါ သခင်မသည် ယောသပ်၏အဝတ်ကိုဖမ်းဆွဲ၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလေ၏။ သို့သော် ယောသပ်သည် မိမိအဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ပြေးထွက်သွားလေ၏။
ကမ္ဘာဦး 39:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ယောသပ်သည် သူ့အဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ထွက်ပြေးသွားသည်ကို သခင်မကြည့်ပြီး Common Language Bible သခင်မသည်မိမိ၏လက်ထဲ၌ဝတ်ရုံကိုထား ခဲ့၍ အိမ်ပြင်သို့ယောသပ်ထွက်ပြေးသည်ကို မြင်သောအခါ၊- Garrad Bible ထို သို့ အ ဝတ် ကို စွန့်၍ ပြင် သို့ ထွက် ပြေး ကြောင်း သ ခင် မ မြင် ရ လျှင်၊ Judson Bible ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊ |
ထိုအခါ သခင်မသည် ယောသပ်၏အဝတ်ကိုဖမ်းဆွဲ၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလေ၏။ သို့သော် ယောသပ်သည် မိမိအဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ပြေးထွက်သွားလေ၏။
မိမိ၏အိမ်သားယောက်ျားတို့ကိုခေါ်၍ သူတို့အား “ကြည့်ကြပါ။ သခင်ခေါ်လာသော ဟေဗြဲအမျိုးသားသည် ငါတို့ကို စော်ကားပါပြီတကား။ ငါနှင့်အိပ်ဖို့ ငါ့ထံသို့ဝင်လာသဖြင့် ငါသည် အသံကုန်အော်ဟစ်ရပါ၏။