ထို့နောက် ယုဒသည် ထိုမိန်းမလက်မှ အာမခံပစ္စည်းကိုပြန်ယူရန် ဆိတ်သငယ်တစ်ကောင်ကို မိမိ၏မိတ်ဆွေအဒုလံမြို့သားနှင့်ပို့လိုက်၏။ သို့ရာတွင် သူသည် ထိုမိန်းမကိုရှာမတွေ့သဖြင့်
ကမ္ဘာဦး 38:21 - မြန်မာ့စံမီသမ္မာကျမ်း သူက ထိုအရပ်၌ရှိသောလူတို့အား “ဧနိမ်မြို့လမ်းဘေး၌ထိုင်လေ့ရှိသော ဗိမာန်ပြည့်တန်ဆာသည် အဘယ်မှာနည်း”ဟု မေး၏။ သူတို့ကလည်း “ဤအရပ်၌ ဗိမာန်ပြည့်တန်ဆာမရှိ”ဟု ပြန်ပြောကြ၏။ Common Language Bible ဧနိမ်မြို့သားတို့အား``လမ်းဘေး၌ထိုင်လေ့ ရှိသောပြည့်တန်ဆာမအဘယ်မှာရှိသနည်း'' ဟုမေးလေ၏။ သူတို့က``ဤအရပ်တွင်ပြည့်တန်ဆာမဟူ၍ မရှိပါ'' ဟုပြန်ဖြေကြ၏။ Garrad Bible ဧ နိမ် မြို့ လမ်း အ နီး ထိုင် နေ သော ပြည် တန် ဆာ ကား အ ဘယ် မှာ နည်း ဟု ထို အ ရပ် သား တို့ ကို မေး သော် ဤ အ ရပ်၌ ပြည် တန် ဆာ မ ရှိ ဟု ပြန် ဆို ကြ သ ဖြင့်၊ Judson Bible ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသောပြည့်တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သားတို့ကိုမေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ပြည့်တန်ဆာမ မရှိဟုဆိုကြလျှင်၊ |
ထို့နောက် ယုဒသည် ထိုမိန်းမလက်မှ အာမခံပစ္စည်းကိုပြန်ယူရန် ဆိတ်သငယ်တစ်ကောင်ကို မိမိ၏မိတ်ဆွေအဒုလံမြို့သားနှင့်ပို့လိုက်၏။ သို့ရာတွင် သူသည် ထိုမိန်းမကိုရှာမတွေ့သဖြင့်
ထိုအခါ သူသည် ယုဒထံသို့ပြန်လာ၍ “ထိုမိန်းမကို ရှာမတွေ့ပါ။ ထိုအရပ်၌ရှိသောလူတို့ကလည်း ‘ဤအရပ်၌ ဗိမာန်ပြည့်တန်ဆာမရှိ’ဟူ၍ ဆိုကြပါသည်”ဟု ပြောလေ၏။
လမ်းဆုံလမ်းခွတိုင်း၌ အထွတ်အမြတ်ထားရာနေရာကိုတည်၏။ သင်၏အလှကို စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်စေ၏။ သင်၏ခြေကိုကားပြီး ဖြတ်သန်းသွားသူအပေါင်းတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်း၏။