တစ်ဖန် ရုဗင်က “သွေးမသွန်းကြနှင့်။ တောကန္တာရရှိ ဤတွင်းထဲသို့ သူ့ကိုပစ်ချကြစို့။ သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ဤသို့ဆိုခြင်းမှာ ယောသပ်ကို သူတို့လက်မှကယ်နုတ်၍ ဖခင်ထံသို့ပြန်ပို့ရန်အတွက်ဖြစ်၏။
ကမ္ဘာဦး 37:23 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်လာသောအခါ သူတို့သည် ယောသပ်ဝတ်ဆင်ထားသောရောင်စုံသင်တိုင်းကို ချွတ်ပြီးလျှင် Common Language Bible အစ်ကိုများထံသို့ယောသပ်ရောက်လာသော အခါ သူတို့ကသူ၏လက်ရှည်ဝတ်ရုံကို ချွတ်ပစ်ကြ၏။- Garrad Bible အစ် ကို တို့ ထံ ယော သပ် ရောက် သော် ဝတ် ဆင် သော အင်္ကျီ ရှည် ကို ချွတ် ပြီး မှ သူ့ ကို ဆွဲ၍ တွင်း ထဲ သို့ ချ ကြ၏။ Judson Bible ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်သောအခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသောအင်္ကျီကိုချွတ်ပြီးမှ၊ |
တစ်ဖန် ရုဗင်က “သွေးမသွန်းကြနှင့်။ တောကန္တာရရှိ ဤတွင်းထဲသို့ သူ့ကိုပစ်ချကြစို့။ သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ဤသို့ဆိုခြင်းမှာ ယောသပ်ကို သူတို့လက်မှကယ်နုတ်၍ ဖခင်ထံသို့ပြန်ပို့ရန်အတွက်ဖြစ်၏။
သူ့ကိုခေါ်သွား၍ တွင်းထဲသို့ပစ်ချလိုက်ကြ၏။ ထိုတွင်းသည် ရေမရှိသောတွင်းလွတ်ဖြစ်၏။
အစ္စရေးသည် ယောသပ်ကို အသက်ကြီးမှရသောကြောင့် သားအားလုံးထက် သူ့ကိုပို၍ချစ်သဖြင့် ရောင်စုံသင်တိုင်းကို သူ့အတွက်ချုပ်ပေး၏။
ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
ထိုငယ်သားသည်လည်း ဘုရင့်သမီးတော်အပျိုစင်တို့ ဝတ်ဆင်ရလေ့ရှိသောရောင်စုံသင်တိုင်းကို ဝတ်ဆင်ထားသောတာမာအား နှင်ထုတ်ပြီးလျှင် တံခါးကိုပိတ်ထားလိုက်လေ၏။
သူတို့သည် အကျွန်ုပ်၏အဝတ်တို့ကို အချင်းချင်းခွဲဝေကြ၍ အကျွန်ုပ်၏ဝတ်လုံအတွက် မဲချကြပါ၏။