ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိလူမျိုးဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်ပြုလေ၏။
ကမ္ဘာဦး 36:13 - မြန်မာ့စံမီသမ္မာကျမ်း ရွေလ၏သားများမှာ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧသော၏မယား ဗာရှမတ်၏သားမြေးများဖြစ်ကြ၏။ Garrad Bible ရွေ လ သား များ ကား နာ ဟတ်၊ ဇေ ရ၊ ရှ မ္မ၊ မိ ဇ္ဇ တို့ တည်း။ ထို သူ တို့ သည် ဧ သော့ မ ယား ဗာ ရှ မတ်၏ သား မြေး ဖြစ် ကြ သ တည်း။ Judson Bible ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွယ်ဖြစ်သတည်း။ |
ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိလူမျိုးဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်ပြုလေ၏။
ဧသော၏သား ဧလိဖတ်၏မယားငယ်တိမနသည်လည်း ဧလိဖတ်အတွက် အာမလက်ကိုမွေးဖွား၏။ ဤသူတို့ကား ဧသော၏မယား အာဒ၏သားမြေးများဖြစ်ကြ၏။
ဇိဘောင်၏မြေး အာနသမီး ဧသော၏မယားအဟောလိဗာမသည် ဧသောအတွက် ယုရှ၊ ယာလံ၊ ကောရ တို့ကိုမွေးဖွား၏။ ဤသူတို့သည် အဟောလိဗာမ၏သားများဖြစ်ကြ၏။
ဧသော၏သားဖြစ်သောရွေလ၏သားများမှာ သူကြီးနာဟတ်၊ သူကြီးဇေရ၊ သူကြီးရှမ္မ၊ သူကြီးမိဇ္ဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧဒုံပြည်၌ ရွေလမှဆင်းသက်သောအမျိုးအနွယ်သူကြီးများ၊ ဧသော၏မယားဗာရှမတ်၏သားမြေးများဖြစ်ကြ၏။