ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
ကမ္ဘာဦး 34:3 - မြန်မာ့စံမီသမ္မာကျမ်း ရှေခင်၏စိတ်နှလုံးသည် ယာကုပ်၏သမီးဒိနကိုစွဲလမ်း၏။ သူသည် ထိုမိန်းကလေးကိုချစ်၏။ ကြင်နာစွာစကားပြော၏။ Common Language Bible သို့ရာတွင်သူသည်ဒိန၏ရုပ်ရည်ကိုစွဲမက် သဖြင့် မေတ္တာသက်ဝင်လာသောကြောင့်သူ့အား မေတ္တာတုံ့ပြန်ရန်ဖျောင်းဖျလေသည်။- Garrad Bible ယာ ကုပ် သ မီး ဒိန ကို ချစ် ခင် စွဲ လမ်း သော ကြောင့် ထို သ တို့ သ မီး အား မေ တ္တာ စ ကား ကို ပြော ဆို သည့် ပြင် Judson Bible နောက်မှ သူ့ကိုချစ်သောစိတ်မကုန်၊ အမြဲချစ်၍၊ မေတ္တာစကားနှင့် ဖြားယောင်းလျက်နေ၏။ |
ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
ရှေခင်သည် မိမိဖခင်ဟာမော်အား “ဤမိန်းကလေးကို အကျွန်ုပ်၏မယားအဖြစ် တောင်းပေးပါ”ဟု လျှောက်ဆို၏။
သို့ဖြစ်၍ မကြောက်ကြနှင့်။ သင်တို့နှင့်သင်တို့၏ကလေးများကို အကျွန်ုပ်ကျွေးမွေးမည်”ဟု ဆိုလျက် သူတို့အားနှစ်သိမ့်၍ ကြင်နာစွာစကားပြောလေ၏။
ယခု ထပါ။ အရှင့်အမှုထမ်းတို့ထံသွား၍ နှစ်သိမ့်စကားမြွက်ဆိုပေးပါ။ အရှင်မင်းကြီးမသွားလျှင် ယခုညတွင်ပင် အရှင်မင်းကြီးထံပါး၌ မည်သူမျှကျန်ခဲ့မည်မဟုတ်ပါ။ ဤအမှုသည် အရှင်မင်းကြီး ငယ်စဉ်မှစ၍ ယခုချိန်ထိ ကြုံဖူးသောဒုက္ခအားလုံးထဲတွင် အဆိုးဆုံးဖြစ်လိမ့်မည်ကို ထာဝရဘုရားကိုတိုင်တည်၍ အကျွန်ုပ်ကျိန်ဝံ့ပါ၏”ဟု လျှောက်တင်လေ၏။
ဟေဇကိမင်းကြီးသည်လည်း ထာဝရဘုရား၏အမှုတော်ကို ကောင်းမွန်ကျွမ်းကျင်စွာထမ်းဆောင်သော လေဝိအမျိုးသားအပေါင်းတို့အား အားပေးစကားပြောဆို၏။ ဤသို့ဖြင့် သူတို့သည် ပွဲတော်အစားအစာကို ခုနစ်ရက်ပတ်လုံး စားသောက်လျက်၊ မိတ်သဟာယယဇ်ကိုပူဇော်လျက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြ၏။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
သို့သော် ထာဝရဘုရားက “ယခုမူ သူ့ကိုငါဖျောင်းဖျမည်၊ တောကန္တာရသို့ ခေါ်သွားမည်၊ သူ့အား မေတ္တာဖြင့် ပြောဆိုမည်။
တစ်ဖန် ထာဝရဘုရားက “ထိုနေ့တွင် သင်သည် ငါ့ကို ‘သခင်’ဟု မခေါ်တော့ဘဲ ‘ခင်ပွန်း’ဟု ခေါ်လိမ့်မည်။
သူ့ခင်ပွန်းကလည်း သူ့ကိုချော့မော့ပြီး ပြန်ခေါ်လာရန် မိမိငယ်သားနှင့်အတူ မြည်းနှစ်ကောင်နှင့် ခရီးထွက်လာခဲ့၏။ မယားငယ်သည် ခင်ပွန်းသည်ကို ဖခင်အိမ်သို့ခေါ်သွား၍ ဖခင်ကမြင်သောအခါ ဝမ်းသာအားရကြိုဆို၏။
ချွေးမနှစ်ယောက်သည် တစ်ဖန် အော်ဟစ်ငိုကြွေးကြပြီး ဩရပသည် ယောက္ခမကိုနှုတ်ဆက်ကာ ထွက်သွားလေ၏။ ရုသမူကား ယောက္ခမနှင့်အတူ လိုက်သွား၏။
ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့်စကားပြောဆိုပြီးနောက်တွင် ယောနသန်၏စိတ်သည် ဒါဝိဒ်၏စိတ်နှင့်ငြိတွယ်သွားပြီး ယောနသန်သည် ကိုယ်နှင့်အမျှ ဒါဝိဒ်ကိုချစ်လေ၏။