ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ကမ္ဘာဦး 33:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဧသောသည် ထိုနေ့၌ပင် စိရပြည်လမ်းအတိုင်းပြန်သွားလေ၏။ Common Language Bible ထိုနေ့၌ဧသောသည်ဧဒုံပြည်သို့ပြန်သွား လေသည်။- Garrad Bible ဧ သော သည် ထို နေ့၌ ပင် စိ ရ ပြည် သို့ ပြန် သွား လေ၏။ Judson Bible ဧသောသည်ထိုနေ့ချင်းတွင် စိရပြည်သို့ခရီးသွား၍ ပြန်လေ၏။ |
ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ဧသောကလည်း “ငါ၌ရှိသောလူအချို့ကို သင်နှင့်ထားခဲ့ပါရစေ”ဟု ဆိုလျှင် ယာကုပ်က “အဘယ်အတွက်နည်း။ အကျွန်ုပ်သည် သခင့်ရှေ့၌ ဤမျှမျက်နှာရပါပြီ”ဟု ပြန်ပြောလေ၏။
ယာကုပ်မူကား သုကုတ်အရပ်သို့ခရီးပြု၍ ထိုအရပ်၌ အိမ်ကိုဆောက်လေ၏။ မိမိတိရစ္ဆာန်များအတွက်လည်း ယာယီတဲများကိုဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို သုကုတ် ဟုခေါ်၏။
ထို့ကြောင့် ဖိလိတ္တိမင်းတို့သည် ဒေလိလထံသို့လာ၍ “ရှံဆုန်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်ကြောင်း၊ သူ့ကို မည်သည့်နည်းဖြင့် ဖမ်းဆီးချုပ်နှောင်နှိပ်စက်နိုင်ကြောင်းကို သူ့အား ချော့မော့မေးမြန်းကြည့်လော့။ ငါတို့သည် သင့်အား ငွေစ တစ်ထောင့်တစ်ရာစီ ပေးမည်”ဟု ဆိုကြ၏။