ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ကမ္ဘာဦး 33:14 - မြန်မာ့စံမီသမ္မာကျမ်း သခင်သည် သခင့်အစေအပါးရှေ့မှ သွားနှင့်ပါ။ အကျွန်ုပ်မူကား စိရပြည်ရှိ သခင့်ထံသို့ ရောက်သည်အထိ ကလေးသူငယ်တို့နှင့် အကျွန်ုပ်ရှေ့၌သွားသောတိရစ္ဆာန်တို့ သွားနိုင်သမျှအတိုင်း တဖြည်းဖြည်းလိုက်လာပါမည်”ဟု လျှောက်လေ၏။ Common Language Bible ကိုယ်တော်သွားနှင့်ပါ။ ကျွန်တော်တိရစ္ဆာန်များ၊ ကလေးများနှင့်ခရီးတွင်နိုင်သမျှဖြင့်အစ် ကိုရှိရာဧဒုံပြည်သို့ရောက်အောင်တဖြည်း ဖြည်းလိုက်ခဲ့ပါမည်'' ဟုဆို၏။ Garrad Bible ထို ကြောင့် အ ရှင် သည် ရှေ့ က ကြွ နှင့် တော် မူ ပါ။ ကျွန် တော် မူ ကား မောင်း နှင် သော တိ ရ စ္ဆာန် များ နှင့် သူ ငယ် တို့ သွား နိုင် သ မျှ အ တိုင်း စိ ရ ပြည် အ ရှင့် ထံ ရောက် အောင် ဖြည်း ညှင်း စွာ ပို့ ဆောင် ပါ မည် ဟု လျှောက် လေ သော်၊ Judson Bible ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင်ခဲ့သော တိရစ္ဆာန်များ၊ သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာစိရပြည်သို့ရောက်အောင်၊ တဖြည်းဖြည်းပို့ဆောင်ပါမည်ဟု လျှောက်လေ၏။ |
ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
“သင်တို့သည် ငါ၏သခင်ဧသောအား သခင်၏အစေအပါးယာကုပ်က ‘အကျွန်ုပ်သည် လာဗန်ထံ၌ ယခုထိတိုင် တည်းခိုနေထိုင်ခဲ့ပါ၏။
သို့သော် ယာကုပ်က “ကလေးများသည်နုနယ်ပါ၏။ နို့စို့သားငယ်ရှိသော သိုးဆိတ်တို့နှင့်နွားတို့သည်လည်း အကျွန်ုပ်၌ရှိကြောင်း သခင်သိပါ၏။ ထိုတိရစ္ဆာန်တို့ကို တစ်ရက်မျှအပြင်းနှင်လျှင် ၎င်းတို့အားလုံးသည် သေကြပါလိမ့်မည်။
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာခဲ့စဉ်က ကိုယ်တော်သည် အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်ပေါ်သားတို့၏နယ်မြေကို အစ္စရေးလူမျိုးတို့အား ကျူးကျော်ခွင့်မပေး။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် သူတို့ပြည်ကို မဖျက်ဆီးဘဲ ရှောင်သွားခဲ့ပါ၏။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မောဘပြည်နှင့် စိရပြည်တို့က ယုဒအမျိုးသည် လူမျိုးခြားတို့နှင့် အတူတူပင်ဖြစ်၏ဟု ဆိုကြသောကြောင့်
ကိုယ်တော်သည် ထိုသို့သောပုံဥပမာများစွာတို့ဖြင့် လူတို့ကြားနာနိုင်သည့်အတိုင်း တရားစကားကို သူတို့အား ဟောပြောတော်မူ၏။
သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။
သင်တို့သည် မာသောအစာကို မစားနိုင်ကြသေးသောကြောင့် ၎င်းကိုမကျွေးဘဲ နို့ကိုသာ ငါတိုက်ရ၏။ ယခုတိုင်အောင် သင်တို့သည် မာသောအစာကို မစားနိုင်ကြသေး။
ထို့နောက် ငါတို့သည် ပြန်လှည့်၍ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကာ စိရတောင်ပေါ်ဒေသတွင် ရက်ပေါင်းများစွာ လှည့်လည်ခဲ့ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ပေါ်မှ ကြွတော်မူသောအခါ၊ ဧဒုံပြည်မှ ချီတော်မူသောအခါ မြေကြီးတုန်ခါပါ၏၊ ကောင်းကင်မှ မိုးရွာသွန်းပါ၏၊ တိမ်တိုက်မှလည်း မိုးရွာသွန်းပါ၏။