၎င်းတို့ကို သူ့အမျိုးနှင့်သူ အုပ်လိုက် အုပ်လိုက် မိမိကျွန်တို့လက်သို့အပ်လေ၏။ ထို့နောက် ထိုကျွန်တို့အား “ငါ့ရှေ့မှ ကူးသွားနှင့်ကြလော့။ တိရစ္ဆာန်တစ်အုပ်နှင့်တစ်အုပ်ကို ခပ်လှမ်းလှမ်းခွာထားလော့”ဟု ဆို၏။
ကမ္ဘာဦး 32:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ရှေ့ဆုံးမှသွားသောသူအား “ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍ ‘သင်သည် မည်သူ၏လူဖြစ်သနည်း။ မည်သည့်အရပ်သို့သွားမည်နည်း။ သင့်ရှေ့၌ရှိသောဤအရာတို့ကား မည်သူ၏ဥစ္စာဖြစ်သနည်း’ဟု သင့်ကိုမေးလျှင် Common Language Bible ရှေ့ဆုံးမှသွားရသောအစေခံအား``ငါ၏ အစ်ကိုဧသောကသင့်ကိုတွေ့၍`သင်၏သခင် ကားမည်သူနည်း၊ မည်သည့်အရပ်သို့သွား မည်နည်း။ သင့်ရှေ့၌ရှိသောတိရစ္ဆာန်တို့ကို မည်သူပိုင်သနည်း' ဟုမေးလျှင်၊- Garrad Bible ရှေ့ ဦး သူ့ ကို လည်း ငါ့ အစ် ကို ဧ သော တွေ့ ၍ သင် ကား၊ မည် သူ့ ကျွန် နည်း။ မည် သည့် အ ရပ် သို့ သွား အံ့ နည်း။ သင့် ရှေ့ ရှိ တိ ရ စ္ဆာန် များ ကား မည် သူ ပိုင် နည်း ဟု မေး လျှင်၊ Judson Bible ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏လူဖြစ်သနည်း၊ အဘယ်အရပ်သို့သွားသနည်း။ သင့်ရှေ့မှာရှိသောတိရစ္ဆာန်များကား အဘယ်သူ၏ဥစ္စာဖြစ်သနည်းဟုမေးလျှင်၊ |
၎င်းတို့ကို သူ့အမျိုးနှင့်သူ အုပ်လိုက် အုပ်လိုက် မိမိကျွန်တို့လက်သို့အပ်လေ၏။ ထို့နောက် ထိုကျွန်တို့အား “ငါ့ရှေ့မှ ကူးသွားနှင့်ကြလော့။ တိရစ္ဆာန်တစ်အုပ်နှင့်တစ်အုပ်ကို ခပ်လှမ်းလှမ်းခွာထားလော့”ဟု ဆို၏။
‘သခင့်အစေအပါး ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ ဤအရာတို့သည် သခင်ဧသောအား ဆက်သလိုက်သောလက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။
ထို့နောက် သူကိုယ်တိုင် သူတို့ရှေ့မှသွား၍ ခုနစ်ကြိမ်တိုင်တိုင် မြေမှာပျပ်ဝပ်ရင်း အစ်ကိုထံသို့ချဉ်းကပ်လေ၏။