အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 31:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လာဗန်​၏​မျက်နှာထား​သည်​လည်း ယခင်က​ကဲ့သို့​မ​ဟုတ်​တော့​သည်​ကို ယာကုပ်​သိမြင်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို့​အ​ပြင်​လာ​ဗန်​သည်​ယ​ခင်​က​ကဲ့​သို့​သူ့ အား​မ​ကြည်​ဖြူ​ကြောင်း​ကို​လည်း​တွေ့​မြင် ရ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

လာ ဗန် သည် ရှေး ကာ လ ကဲ့ သို့ မ ဟုတ်၊ မျက် နှာ ထား ကြောင်း သိ မြင် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

လာ​ဗန်၏ မျက်​နှာ​ကို​ကြည့်​သော​အ​ခါ၊ ရှေ့​က​ကဲ့​သို့​မ​ဟုတ်၊ ခြား​နား​သည်​ကို သိ​မြင်၏။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 31:2
11 ပူးပေါင်းရင်းမြစ်များ  

သို့သော် လာဗန်​က “​သင့်​ရှေ့​၌ ငါ​မျက်နှာရ​သည်​ဆို​လျှင် ဆက်နေ​ပါ​ဦး​။ ထာဝရဘုရား​သည် သင့်​ကြောင့် ငါ့​ကို​ကောင်းချီးပေး​တော်မူ​ကြောင်း ဟူးရားအတတ်​အားဖြင့် ငါ​သိမြင်​ပြီ​”​ဟု ဆို​ပြီးလျှင်


လာဗန်​၏​သား​တို့​က “​ယာကုပ်​သည် ငါ​တို့​ဖခင်​ပိုင်ဆိုင်​သမျှ​တို့​ကို ယူသွား​ပြီ​တကား​။ သူ​သည် ငါ​တို့​ဖခင်​ပိုင်ဆိုင်​သော​အရာ​များ​အားဖြင့် ဤ​စည်းစိမ်​အားလုံး​ကို​ရရှိ​လေ​ပြီ​”​ဟု ပြောဆို​သော​စကား​တို့​ကို ယာကုပ်​ကြား​လေ​၏​။


ထိုအခါ ထာဝရဘုရား​က “​သင့်​ဘိုးဘေး​တို့​၏​ပြည်​၊ သင်​၏​ဆွေမျိုးသားချင်း​ထံသို့ ပြန်သွား​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​မည်​”​ဟု ယာကုပ်​အား​မိန့်​တော်မူ​၏​။


သူ​တို့​အား “​သင်​တို့​ဖခင်​၏​မျက်နှာထား​သည် ယခင်က​ကဲ့သို့​မ​ဟုတ်​တော့​သည်​ကို ငါ​သိမြင်​၏​။ သို့သော် ငါ့​ဖခင်​၏​ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​တော်မူ​၏​။


ကာဣန​နှင့် သူ​၏​ပူဇော်သက္ကာ​ကို​မူကား ပမာဏပြု​တော်​မ​မူ​။ ထို့ကြောင့် ကာဣန​သည် အလွန်​စိတ်ဆိုး​လျက် မျက်နှာသုန်မှုန်​နေ​လေ​၏​။


မောရှေ​က ထာဝရဘုရား​အား “​အို အကျွန်ုပ်​၏​ဘုရားရှင်​၊ အကျွန်ုပ်​သည် ယခင်က​ဖြစ်စေ​၊ မနေ့က​ဖြစ်စေ​၊ ကိုယ်တော်​၏​အစေအပါး​အား ကိုယ်တော်​မိန့်ဆို​တော်မူ​သော​အချိန်​၌ပင်​ဖြစ်စေ စကားပြော​ကောင်း​သူ​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် နှုတ်​လေး​လျှာ​လေး​သော​သူ​လည်း ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။


ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​က ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​အား အမျက်​ပြင်းစွာ​ထွက်​၍ မျက်စိမျက်နှာ​ပျက်​လေ​၏​။ ထို့ကြောင့် မီးပြင်းဖို​ကို ပုံမှန်​ထက်​ခုနစ်ဆ​တိုး​၍​ပူ​စေရန် အမိန့်ပေး​လေ​၏​။


မိမိ​အိမ်နီးချင်း​ကို အမုန်း​မ​ရှိ​ဘဲ မတော်တဆ​လူ​သတ်​မိ​သော​လူသတ်သမား​သည် ထို​အရပ်​သို့​ထွက်ပြေး​ခြင်း​ဖြင့် အသက်ချမ်းသာ​ရာ​ရ​မည်​။


သင့်​ရန်သူ​တို့​သည် သင့်​မြို့​အားလုံး​ကို​ဝိုင်းထား​၍ အကျပ်အတည်း​ထဲသို့​ရောက်​စေ​သောကြောင့် သင့်​တွင်​ရှိ​သော အလွန်​နူးညံ့​သိမ်မွေ့​သော​ယောက်ျား​ပင်လျှင် မိမိ​ညီအစ်ကို​၊ မိမိ​ရင်ခွင်​၌​ရှိ​သော​မယား​၊ ကျန်ရှိ​သော​မိမိ​သားသမီး​တို့​အပေါ် တွန့်တို​လိမ့်မည်​။


ယောနသန်​သည် ဒါဝိဒ်​ကို​ခေါ်​၍ ထို​အကြောင်းအရာ​အလုံးစုံ​ကို​ပြောပြ​ပြီးလျှင် ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ထံ​ပြန်​ခေါ်ဆောင်​လာ​၍ ယခင်က​ကဲ့သို့ပင် အခစားဝင်​စေ​၏​။