ထို့နောက်မှ လေအာသည် သမီးကိုမွေးဖွား၍ ထိုသမီး၏အမည်ကို ဒိန ဟုမှည့်ခေါ်လေ၏။
ထိုနောက်သူသည်သမီးတစ်ယောက်ကိုဖွားမြင် သဖြင့်ဒိနဟူ၍နာမည်မှည့်လေသည်။
ထို နောက် သား မိန်း မ ကို လည်း ဖွား မြင် ၍ ဒိ န အ မည် ဖြင့် မှည့် လေ ၏။
ထိုနောက်မှ သမီးကိုဖွား၍၊ ဒိနအမည်ဖြင့်မှည့်လေ၏။
ထိုအခါ လေအာက “ဘုရားသခင်သည် ကောင်းသောလက်ဆောင်ကို ငါ့အားပေးတော်မူပြီ။ ငါသည် ငါ့ယောက်ျားအတွက် သားခြောက်ယောက်ကိုမွေးဖွားပြီဖြစ်၍ ဤတစ်ကြိမ်တွင် သူသည် ငါ့ကိုတန်ဖိုးထားလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ဇာဗုလုန် ဟုမှည့်ခေါ်လေ၏။
ထိုအခါ ဘုရားသခင်သည် ရာခေလကိုအောက်မေ့တော်မူ၏။ ဘုရားသခင်သည် ရာခေလ၏တောင်းလျှောက်သံကိုနားညောင်း၍ သူ့အားသန္ဓေတည်ခွင့်ကိုပေးတော်မူ၏။
ဟာမော်နှင့်သူ၏သားရှေခင်ကိုလည်း သူတို့၏ဓားဖြင့်သတ်ပြီးလျှင် ဒိနကို ရှေခင်၏အိမ်မှခေါ်လျက် ထွက်သွားကြ၏။
ဤသူတို့ကား ပါဒန်အာရံပြည်၌ ယာကုပ်အတွက် လေအာမွေးဖွားပေးသော လေအာ၏သားများဖြစ်ကြ၏။ သမီးဒိနအပါအဝင် ယာကုပ်၏သားသမီးစုစုပေါင်းမှာ သုံးဆယ့်သုံးယောက်ဖြစ်၏။