ထိုအခါ ဘုရားသခင်က “မှန်ပေ၏။ သင်သည် ရိုးဖြောင့်သောစိတ်ဖြင့် ဤအမှုကိုပြုကြောင်း ငါသိ၍ သင်သည် ငါ့ကိုမပြစ်မှားမိစေရန် ငါဟန့်တား၏။ ထို့ကြောင့် ငါသည် သင့်အား ထိုမိန်းမကိုထိခွင့်မပေးခဲ့ချေ။
ကမ္ဘာဦး 3:3 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဥယျာဉ်အလယ်ရှိအပင်၏အသီးကိုမူ ဘုရားသခင်က ‘သင်တို့သည် ထိုအသီးကိုမစားရ၊ မထိရ။ ထိမိ၊ စားမိလျှင် သေရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မြွေအားဆိုလေ၏။ Common Language Bible သို့ရာတွင်ဥယျာဉ်အလယ်၌ရှိသောအပင်၏ အသီးကိုမူကားမစားရ။ ကိုင်ပင်မကိုင်ရ။ ကိုင်မိစားမိလျှင်သေရကြမည်ဟု ဘုရားသခင်၏အမိန့်တော်ရှိမူ၏'' ဟူ၍ပြန်ဖြေ၏။ Garrad Bible ဥ ယျာဉ့် အ လယ်၌ ရှိ သော အ ပင် ၏ အ သီး ကို ကား သင် တို့ မ သေ စေ ခြင်း ငှါ မ ကိုင် မ စား ပဲ နေ ကြ လော့ ဟု ဘု ရား သ ခင် အ မိန့် တော် ရှိ သည် ဟူ၍ မြွေ အား ပြန် ဆို ၏။ Judson Bible ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲ နေကြလော့။ သို့မဟုတ်သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ |
ထိုအခါ ဘုရားသခင်က “မှန်ပေ၏။ သင်သည် ရိုးဖြောင့်သောစိတ်ဖြင့် ဤအမှုကိုပြုကြောင်း ငါသိ၍ သင်သည် ငါ့ကိုမပြစ်မှားမိစေရန် ငါဟန့်တား၏။ ထို့ကြောင့် ငါသည် သင့်အား ထိုမိန်းမကိုထိခွင့်မပေးခဲ့ချေ။
“ငါဘိသိက်ပေးသောသူတို့ကို မထိကြနှင့်။ ငါ့ပရောဖက်တို့ကို ဘေးမပြုကြနှင့်”ဟု မိန့်တော်မူ၏။
ယခု လက်တော်ကိုဆန့်၍ သူ၌ရှိသမျှကို ဖျက်ဆီးကြည့်ပါ။ သူသည် ကိုယ်တော့်ကို မျက်ဝါးထင်ထင်ကျိန်ဆဲပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
အို ငါ့မိတ်ဆွေတို့၊ ငါ့ကို သနားကြပါ။ သနားကြပါ။ ဘုရားသခင်သည် ငါ့ကို ရိုက်နှက်တော်မူပြီ။
လက်တော်ကိုဆန့်၍ သူ၏အရိုးအသားတို့ကို ဖျက်ဆီးကြည့်ပါ။ သူသည် ကိုယ်တော်ကို မျက်ဝါးထင်ထင် ကျိန်ဆဲမည်မှာ မလွဲပါ”ဟု ပြန်လျှောက်၏။
သင်တို့ရေးလာသောအကြောင်းအရာများနှင့်ပတ်သက်၍ ယောက်ျားသည် မိန်းမနှင့်အတွေ့အထိမရှိလျှင် ကောင်း၏။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
မထိနှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော စည်းမျဉ်းများကိုလိုက်နာကြသနည်း။