ယာကုပ်က သိုးထိန်းတို့အား “ငါ့ညီအစ်ကိုတို့၊ သင်တို့ အဘယ်အရပ်ကလာကြသနည်း”ဟု မေးရာ သူတို့က “ငါတို့သည် ဟာရန်မြို့မှလာကြသည်”ဟု ပြန်ဖြေကြ၏။
ယာကုပ်ကသိုးထိန်းတို့အား``အဆွေတို့၊ သင် တို့အဘယ်အရပ်ကလာကြသနည်း'' ဟုမေး သော်၊ ``ခါရန်မြို့ကလာကြပါသည်'' ဟုဖြေကြ၏။
ယာ ကုပ် က ညီ အစ် ကို တို့၊ မည် သည့် မြို့ ရွာ က နည်း ဟု မေး လျှင် ငါ တို့ သည် ခါ ရန် မြို့ က တည်း ဟု ပြန် ဆို ကြ ၏။
ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊ ငါတို့သည် ခါရန်မြို့ကလာကြသည်ဟု ပြောဆိုလေ၏။
တေရသည် သားအာဗြံ၊ ဟာရန်၏သားဖြစ်သော မိမိ၏မြေးလောတနှင့် သားအာဗြံ၏မယားဖြစ်သော မိမိ၏ချွေးမ စာရဲတို့ကိုခေါ်၍ ခါနာန်ပြည်သို့သွားရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှထွက်ခွာလေ၏။ သို့သော် ဟာရန်မြို့သို့ရောက်သောအခါ ထိုမြို့၌အခြေချကြ၏။
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်လော့။ ထ၍ ဟာရန်မြို့၌ရှိသော ငါ့အစ်ကိုလာဗန်ထံသို့ ထွက်ပြေးလော့။
ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်ခွာ၍ ဟာရန်ပြည်သို့သွားလေ၏။
သိုးအုပ်အားလုံးကို ထိုရေတွင်း၌စုဝေးစေပြီးမှ သိုးထိန်းတို့သည် တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်၍ သိုးတို့ကိုရေတိုက်ပြီးလျှင် ကျောက်တုံးကို သူ့နေရာ တွင်းဝ၌ပြန်ထားလေ့ရှိကြ၏။
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
ထိုအခါ သူသည် ခါလဒဲလူမျိုးတို့၏ပြည်မှ ထွက်ခွာ၍ ခါရန်မြို့၌နေထိုင်လေ၏။ သူ၏ဖခင်သေဆုံးပြီးနောက် ဘုရားသခင်သည် သူ့ကို ထိုနေရာမှ ယခု ငါတို့နေထိုင်သောပြည်သို့ ပြောင်းရွှေ့စေတော်မူ၏။