အကျွန်ုပ်သည် ဦးရီးနှင့်အတူ အနှစ်နှစ်ဆယ်နေခဲ့ပါသည်။ ဦးရီး၏သိုးမ၊ ဆိတ်မတို့သည် သားမလျှော။ ဦးရီး၏သိုးဆိတ်တို့ထဲမှ သိုးထီး၊ ဆိတ်ထီးတို့ကို အကျွန်ုပ်မစား။
ကမ္ဘာဦး 27:44 - မြန်မာ့စံမီသမ္မာကျမ်း သင့်အစ်ကို၏အမျက်ဒေါသပြေသည်အထိ ဦးရီးနှင့်အတူ ခေတ္တနေထိုင်လော့။ Common Language Bible သင်၏အစ်ကိုစိတ်ပြေ၍သင်သူ့အားပြုမိ သမျှကိုမေ့ပျောက်သည့်အချိန်အထိသူ့ထံ ၌ခေတ္တတည်းခိုနေထိုင်လော့။- Garrad Bible အစ် ကို အ မျက် ပြေ သည့် တိုင် အောင် ဦး ရီး ထံ ခေ တ္တ နေ လော့။ Judson Bible သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍နေပါလော့။ |
အကျွန်ုပ်သည် ဦးရီးနှင့်အတူ အနှစ်နှစ်ဆယ်နေခဲ့ပါသည်။ ဦးရီး၏သိုးမ၊ ဆိတ်မတို့သည် သားမလျှော။ ဦးရီး၏သိုးဆိတ်တို့ထဲမှ သိုးထီး၊ ဆိတ်ထီးတို့ကို အကျွန်ုပ်မစား။
အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရားသည် မြေကြီးကို တို့တော်မူလျှင် မြေကြီးသည်အရည်ပျော်ကျ၍ သက်ရှိအပေါင်းတို့ ငိုကြွေးမြည်တမ်းရလိမ့်မည်။ တစ်ပြည်လုံး နိုင်းမြစ်ရေကဲ့သို့ လှိုင်းထပြီး အီဂျစ်မြစ်ရေကဲ့သို့ ပြန်ဆုတ်သွားလိမ့်မည်။