ထို့ကြောင့် သူသည် ဆိတ်သငယ်တို့ကို သွားယူ၍ မိခင်ထံသို့ ယူလာ၏။ မိခင်သည်လည်း ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်လေ၏။
ကမ္ဘာဦး 27:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရေဗက္ကာသည် အိမ်တွင် သူ၌ရှိသော သားကြီးဧသော၏အကောင်းဆုံးအဝတ်ကိုယူ၍ သားငယ်ယာကုပ်အား ဝတ်ဆင်ပေးလျက် Common Language Bible ထိုနောက်သူသည်မိမိအိမ်တွင်သိမ်းဆည်း ထားသောဧသော၏အကောင်းဆုံးအဝတ် ကိုယာကုပ်အားဝတ်ဆင်ပေး၏။- Garrad Bible အိမ် တွင် သူ့ လက် ရှိ သား ကြီး ဧ သော ၏ ကောင်း မွန် သော အ၀တ် ကို သား ငယ် ယာ ကုပ်၀တ် ဆင် စေ လျက်၊ Judson Bible ထိုအခါရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကိုဝတ်စေလျက်၊ |
ထို့ကြောင့် သူသည် ဆိတ်သငယ်တို့ကို သွားယူ၍ မိခင်ထံသို့ ယူလာ၏။ မိခင်သည်လည်း ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်လေ၏။
ဆိတ်သငယ်၏သားရေတို့ဖြင့် သူ၏လက်နှင့် ပြောင်ချောနေသော သူ၏လည်ပင်းကို ဖုံးအုပ်ပေး၏။
ယာကုပ်သည် သူ့ထံသို့ချဉ်းကပ်၍ နမ်းလေ၏။ ထိုအခါ ဣဇက်သည် ယာကုပ်အဝတ်၏အနံ့ကိုခံ၍ “ကြည့်ရှုလော့။ ငါ့သား၏အနံ့သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောလယ်၏ရနံ့နှင့်တူ၏။
သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။
“ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်လျက် သွားလာရန် အလိုရှိကြ၍ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။