“အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ ယနေ့ အကျွန်ုပ်၏အမှုကို အထမြောက်အောင်မြင်စေ၍ အကျွန်ုပ်၏သခင်အာဗြဟံအား မေတ္တာကရုဏာကိုပြတော်မူပါ။
ကမ္ဘာဦး 24:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် မိမိခရီးစဉ်ကို ထာဝရဘုရားအောင်မြင်ခွင့်ပေးမည်၊ မပေးမည်ကိုသိရှိရန် မိန်းကလေးကို တိတ်ဆိတ်စွာစောင့်ကြည့်နေ၏။ Common Language Bible ထိုအစေခံသည်လည်းထာဝရဘုရားကသူ့ အားထမြောက်အောင်မြင်ခွင့်ပေးမည်၊ မပေး မည်ကိုသိနိုင်ရန်စောင့်ကြည့်နေလေသည်။ Garrad Bible ထို လူ သည် ခ ရီး အ မှု ကို ထာ၀ ရ ဘု ရား အ ထ မြောက် စေ တော် မူ မည်၊ မ မူ မည် သိ လို၍ ၎င်း သူ ငယ် မ ကို စေ့ စေ့ ကြည့် လျက် တိတ် ဆိတ် စွာ နေ လေ ၏။ Judson Bible ယောက်ျားသည် ထိုမိန်းမကိုအံ့ဩ၍၊ မိမိရောက်လာသောအမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကိုသိလို၍၊ တိတ်ဆိတ်စွာနေလေ၏။ |
“အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ ယနေ့ အကျွန်ုပ်၏အမှုကို အထမြောက်အောင်မြင်စေ၍ အကျွန်ုပ်၏သခင်အာဗြဟံအား မေတ္တာကရုဏာကိုပြတော်မူပါ။
မိမိရေအိုးထဲမှရေကို ရေစားခွက်ထဲသို့ အလျင်အမြန်လောင်းထည့်ပြီးလျှင် တစ်ဖန်ရေခပ်ရန် ရေတွင်းသို့ပြေးသွား၍ ကုလားအုတ်အားလုံးအတွက် ရေခပ်ပေး၏။
“အကျွန်ုပ်သခင်အာဗြဟံထံမှ မေတ္တာကရုဏာတော်နှင့်သစ္စာတော်ကို ရုပ်သိမ်းတော်မမူသော အကျွန်ုပ်သခင်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကျွန်ုပ်သခင်၏ဆွေမျိုးသားချင်းအိမ်သို့ သွားသောလမ်းခရီး၌ ထာဝရဘုရားသည် အကျွန်ုပ်ကို ပို့ဆောင်တော်မူပြီ”ဟု ဆိုလေ၏။
အစေအပါးကလည်း “ထာဝရဘုရားသည် အကျွန်ုပ်၏ခရီးစဉ်ကို အောင်မြင်စေတော်မူပြီဖြစ်၍ အကျွန်ုပ်မနှောင့်နှေးပါရစေနှင့်။ အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။ အကျွန်ုပ်သခင်ထံသို့ ပြန်သွားပါရစေ”ဟု ဆို၏။
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏ မေတ္တာကရုဏာသည် အစဉ်အမြဲတည်၏။
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။
မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကိုမှတ်သားဆင်ခြင်၍ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို နားလည်ပါစေ။
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။
မာရိမူကား ဤအခြင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူပြန်သွား၍ နာဇရက်မြို့သို့ရောက်သောအခါ သူတို့ကိုနာခံလျက်နေတော်မူ၏။ မယ်တော်မူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။