ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
ကမ္ဘာဦး 21:6 - မြန်မာ့စံမီသမ္မာကျမ်း စာရာကလည်း “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤအကြောင်းကိုကြားသောသူအားလုံးတို့သည်လည်း ငါနှင့်အတူရယ်ကြလိမ့်မည်”ဟု ဆို၏။ Common Language Bible စာရာကလည်း``ဘုရားသခင်သည်ငါ့အားရယ် စေတော်မူပြီ။ ဤသတင်းကိုကြားရသောသူ တိုင်းငါနှင့်အတူရယ်လိမ့်မည်'' ဟုဆိုလေ၏။- Garrad Bible စာ ရာ က လည်း ဘု ရား သ ခင် သည် ငါ အား ရယ် ရွှင် ခွင့် ကို ပေး တော် မူ ပြီ။ ကြား ရ သူ အ ပေါင်း တို့ လည်း ငါ နှင့် အ တူ ရယ် ရွှင် ကြ လိမ့် မည် ဟူ ၍ လည်း ကောင်း၊ Judson Bible စာရာကလည်း၊ ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသတင်းကို ကြားသောသူအပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ |
ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
ကိုယ်တော်သည် မြုံသောမိန်းမအား မိသားစုကိုပေး၍ သားသမီးရှိသဖြင့် ဝမ်းမြောက်သောမိခင်ဖြစ်စေတော်မူ၏။ ဟာလေလုယ။
ထိုအခါ ငါတို့နှုတ်သည် ရယ်မောခြင်းနှင့်လည်းကောင်း၊ ငါတို့လျှာသည် ရွှင်လန်းစွာ ကြွေးကြော်ခြင်းနှင့်လည်းကောင်း ပြည့်ဝ၏။ လူတို့ကလည်း “ထာဝရဘုရားသည် သူတို့အတွက် ကြီးမြတ်သောအမှုကို ပြုတော်မူပြီ”ဟု တိုင်းနိုင်ငံတို့အလယ်တွင်ပြောဆိုကြ၏။
မိခင်သည် မိမိနို့စို့ကလေးကို မေ့လျော့နိုင်မည်လော။ မိမိဝမ်းနှင့်လွယ်သောသားသမီးကို မသနားဘဲနေမည်လော။ ထိုသို့မေ့လျော့နိုင်ခဲ့လျှင်ပင် ငါသည် သင့်ကိုမေ့လျော့မည်မဟုတ်။
သင်က “မည်သူသည် ငါ့အတွက် ဤသူတို့ကို မွေးဖွားခဲ့သနည်း။ ငါသည် သားသမီးများဆုံးပါး၍ သားသမီးမရနိုင်သောသူ၊ ဖမ်းခေါ်သွားခြင်းခံရသူ၊ အပယ်ခံရသူဖြစ်၏။ ဤသူတို့ကို မည်သူကျွေးမွေးစောင့်ရှောက်ခဲ့သနည်း။ ငါသည် တစ်ယောက်တည်းကျန်ရစ်ခဲ့၏။ ဤသူတို့သည် မည်သည့်အရပ်မှရောက်လာကြသနည်း”ဟု သင့်စိတ်ထဲ၌ တွေးလိမ့်မည်။
ထာဝရဘုရားက “သားမဖွားဖူးသောအမြုံမ၊ ရွှင်လန်းစွာသီချင်းဆိုလော့။ ကလေးမမွေးဖူးသောမိန်းမ၊ သီချင်းဟစ်ကြော်သီဆိုလော့။ ကြွေးကြော်လော့။ အကြောင်းမူကား စွန့်ပစ်ခံရသောမိန်းမ၏သားသမီးသည် ယောက်ျားရှိသောမိန်းမ၏သားသမီးထက် သာ၍များ၏”ဟု မိန့်တော်မူ၏။
ငါ့ဖခင်ဝမ်းသာရအောင် “သင်သည် သားယောက်ျားကို ရပါပြီ”ဟု သူ့ထံသတင်းယူဆောင်လာသောသူသည် ကျိန်ခြင်းခံရပါစေ။
သူသည် သင့်အတွက် ဝမ်းမြောက်စရာ၊ ရွှင်မြူးစရာဖြစ်မည်။ လူများစွာတို့သည်လည်း သူ၏ဖွားမြင်ခြင်းအတွက် ဝမ်းမြောက်ကြလိမ့်မည်။
ထာဝရဘုရားသည် ထူးမြတ်သောကရုဏာတော်ကို အဲလစ်ဇဘက်အပေါ်ပြသတော်မူကြောင်း အိမ်နီးချင်းနှင့် ဆွေမျိုးသားချင်းတို့သည် ကြားကြသောအခါ သူနှင့်အတူဝမ်းမြောက်ကြ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
ထိုနည်းတူ အမြုံဖြစ်သောစာရာသည်လည်း အသက်အရွယ်လွန်ပြီးသောအခါ ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိ၏။ အကြောင်းမူကား ကတိပေးတော်မူသောအရှင်သည် သစ္စာရှိသည်ဟုမှတ်ယူသောကြောင့်ဖြစ်၏။
ဟန္နက “အို အကျွန်ုပ်၏သခင်၊ သခင် အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်သည် ယခင်က ဤနေရာ အရှင့်အနားတွင်ရပ်လျက် ထာဝရဘုရားထံဆုတောင်းခဲ့သောမိန်းမ ဖြစ်ပါ၏။