အဘိမလက်မင်းကြီးသည်လည်း နံနက်စောစောထ၍ မိမိအမှုထမ်းအပေါင်းတို့ကိုဆင့်ခေါ်ပြီးလျှင် ဤအမှုအရာအလုံးစုံတို့ကို သူတို့အားပြောကြားလေ၏။ ထိုအခါ လူတို့သည် အလွန်ကြောက်ရွံ့ကြ၏။
နောက်တစ်နေ့နံနက်စောစော၌အဘိမလက် သည် သူ၏အရာရှိအပေါင်းတို့ကိုဆင့်ခေါ်၍ အဖြစ်အပျက်အလုံးစုံကိုပြောပြသည့် အခါ သူတို့သည်အလွန်ကြောက်ရွံ့ကြ၏။-
အ ဘိ မ လက် မင်း သည် နံ နက် အ ချိန် ထ၍ ကျွန် အ ပေါင်း တို့ ကို ခေါ် ပြီး လျှင် ထို အ ခြင်း အ ရာ အ လုံး စုံ ကို ပြန် ကြား သ ဖြင့် အ လွန် ကြောက် ကြ ကုန် ၏။
နံနက်စောစောအဘိမလက်သည်ထ၍၊ မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှ၊ အမူအရာအလုံးစုံကိုပြောသဖြင့်၊ ထိုသူတို့သည် အလွန်ကြောက်ကြ၏။
ယခု ထိုသူ၏မယားကို ပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်သောကြောင့် သင့်အတွက်ဆုတောင်းပေးလိမ့်မည်။ ထိုအခါ သင်သည် အသက်ချမ်းသာရာရလိမ့်မည်။ သို့သော် သင်ပြန်မပေးလျှင် သင်နှင့်တကွ သင်နှင့်သက်ဆိုင်သူအားလုံးသည် မုချသေရမည်ကို သိမှတ်လော့”ဟု အဘိမလက်မင်းကြီးအား အိပ်မက်ထဲတွင် မိန့်တော်မူ၏။
ထို့နောက် အဘိမလက်မင်းကြီးသည် အာဗြဟံကိုဆင့်ခေါ်၍ “သင်သည် ငါတို့အား မည်သို့ပြုဘိသနည်း။ သင့်ကို ငါမည်သို့ပြစ်မှားမိသဖြင့် သင်သည် ငါ့အပေါ်၌လည်းကောင်း၊ ငါ့နိုင်ငံအပေါ်၌လည်းကောင်း ကြီးလေးသောအပြစ်ကို ကျရောက်စေသနည်း။ သင်သည် မပြုသင့်သောအမှုတို့ကို ငါ၌ပြုလေပြီတကား”ဟု သူ့အား မိန့်ဆို၏။