ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် လူထဲမှထုတ်ယူသောနံရိုးဖြင့် မိန်းမကိုဖန်ဆင်း၍ လူထံသို့ ခေါ်ဆောင်လာခဲ့၏။
ထိုနောက်ထိုနံရိုးဖြင့်မိန်းမကိုဖန်ဆင်း၍ လူ၏ထံသို့ခေါ်ဆောင်ခဲ့တော်မူ၏။-
ထာ ဝ ရ ဘု ရား သ ခင် သည် လူ ထဲ မှ ထုတ် သော နံ ရိုး ဖြင့် လူ မိန်း မ ကို ဖန် ဆင်း ၍ လူ ရှိ ရာ သို့ ဆောင် ခဲ့ တော် မူ ၏။
ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။
ထာဝရအရှင်ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးတို့ကို မြေကြီးဖြင့်ပုံဖော်ဖန်ဆင်းပြီးလျှင် ၎င်းတို့ကို လူကမည်သို့မှည့်ခေါ်မည်ကို သိရှိရန် လူထံသို့ ခေါ်ဆောင်လာခဲ့၏။ သက်ရှိသတ္တဝါတို့သည် လူမှည့်ခေါ်သည့်အတိုင်း နာမည်အသီးသီးရကြ၏။
ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင် အိမ်ဆောက်သောသူတို့သည် အချည်းနှီးကြိုးပမ်းအားထုတ်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင် စောင့်သောသူသည် အချည်းနှီးစောင့်ကြပ်၏။
မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
အိမ်ရာနှင့်စည်းစိမ်ဥစ္စာသည် မိဘဘိုးဘွားတို့ပေးသောအမွေဖြစ်၏။ ပညာသတိရှိသောမယားမူကား ထာဝရဘုရားပေးသနားတော်မူရာဖြစ်၏။
အကြောင်းမူကား အာဒံကို ပထမဦးစွာဖန်ဆင်းတော်မူ၍ နောက်မှ ဧဝကို ဖန်ဆင်းတော်မူ၏။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။