ထိုအခါ ဖာရောမင်းကြီးသည် အာဗြံကိုဆင့်ခေါ်၍ “ငါ၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်း ငါ့ကို အဘယ်ကြောင့်မပြောသနည်း။
ကမ္ဘာဦး 12:19 - မြန်မာ့စံမီသမ္မာကျမ်း သူ့ကိုငါ၏မယားအဖြစ်ယူမိစေရန် ‘သူသည် ငါ့နှမဖြစ်သည်’ဟု ငါ့ကို အဘယ်ကြောင့် ပြောရသနည်း။ သင်၏မယားကို ယခုခေါ်၍ ထွက်သွားလော့”ဟု မိန့်ဆို၏။ Common Language Bible သူ့ကိုငါ၏မယားအဖြစ်သိမ်းပိုက်စေရန် သူ သည်သင်၏နှမဖြစ်သည်ဟုအဘယ်ကြောင့် သင်ဆိုသနည်း။ ယခုပင်သင်၏မယားကို ခေါ်၍ထွက်သွားလော့'' ဟုအမိန့်ပေး၏။- Garrad Bible ငါ့ မိ ဖု ရား မြှောက် စေ ခြင်း ငှါ ထို မိန်း မ သည် ကျွန် တော့် နှ မ ဖြစ် ပါ သည် ဟု အ ဘယ် ကြောင့် လျှောက် ခဲ့ သ နည်း။ သင့် မ ယား ကို ယ ခု ပင် ယူ သွား ချေ လော့ ဟု အ မိန့် ရှိ ၏။ Judson Bible ငါသည် သူ့ကိုသိမ်းပိုက်စေခြင်းငှာ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။ |
ထိုအခါ ဖာရောမင်းကြီးသည် အာဗြံကိုဆင့်ခေါ်၍ “ငါ၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်း ငါ့ကို အဘယ်ကြောင့်မပြောသနည်း။
ထို့နောက် ဖာရောမင်းကြီးသည် သူ့လူတို့ကို အာဗြံနှင့်ပတ်သက်၍မှာကြားလိုက်သဖြင့် သူတို့သည် အာဗြံကို သူ၏မယား၊ သူပိုင်ဆိုင်သောအရာအားလုံးနှင့်တကွ ထွက်ခွာစေကြ၏။
ထိုအခါ အဘိမလက်မင်းကြီးသည် သိုးအုပ်၊ နွားအုပ်၊ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမတို့ကိုယူ၍ အာဗြဟံအားပေးလေ၏။ သူ၏မယားစာရာကိုလည်း သူ့အားပြန်ပေး၏။
သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။