ဤသည်ကား မိမိတို့ဆွေစဉ်မျိုးဆက်အလိုက် မိမိတို့တိုင်းပြည်၌နေထိုင်ကြသော နောဧသားတို့၏မျိုးနွယ်စုများဖြစ်ကြ၏။ ရေလွှမ်းမိုးပြီးသည့်နောက် ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့သည် ဤသူတို့မှ ပြန့်ပွားလာကြ၏။
ကမ္ဘာဦး 11:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ်က ကမ္ဘာမြေတစ်ခွင်လုံးတွင် ဘာသာစကားတစ်မျိုးတည်း၊ အသုံးအနှုန်းတစ်မျိုးတည်းရှိ၏။ Common Language Bible အစပထမ၌ကမ္ဘာတစ်ဝန်းလုံးရှိလူတို့ သည် ဘာသာစကားတစ်မျိုးတည်းပြောကြ ၏။- Garrad Bible မြေ ပေါ် ရှိ လူ အ ပေါင်း တို့ သည် ဘာ သာ စ ကား တစ် မျိုး တည်း ဖြစ် လျက် အ ရှေ့ သို့ သွား ရာ၊ Judson Bible မြေကြီးသားအပေါင်းတို့သည် ဘာသာတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိကြသည်ဖြစ်၍၊ |
ဤသည်ကား မိမိတို့ဆွေစဉ်မျိုးဆက်အလိုက် မိမိတို့တိုင်းပြည်၌နေထိုင်ကြသော နောဧသားတို့၏မျိုးနွယ်စုများဖြစ်ကြ၏။ ရေလွှမ်းမိုးပြီးသည့်နောက် ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့သည် ဤသူတို့မှ ပြန့်ပွားလာကြ၏။
လူတို့သည် အရှေ့အရပ်မှရွှေ့ပြောင်း၍ ရှိနာပြည်၌ လွင်ပြင်ကိုတွေ့သဖြင့် ထိုနေရာ၌ အခြေချကြ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ သူတို့အားလုံးသည် လူမျိုးတစ်မျိုးတည်း၊ ဘာသာစကားတစ်မျိုးတည်းဖြစ်သဖြင့် ဤအမှုကိုစတင်ပြုကြပြီ။ ယခု သူတို့ပြုလုပ်ရန်ကြံစည်သမျှတို့တွင် သူတို့အတွက် မဖြစ်နိုင်သောအရာ တစ်စုံတစ်ခုမျှရှိလိမ့်မည်မဟုတ်။
ထိုနေ့ရက်တွင် အီဂျစ်ပြည်၌ ခါနာန်ဘာသာစကားပြောသောမြို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တိုင်တည်ကျိန်ဆိုသောမြို့ ငါးမြို့ရှိလိမ့်မည်။ တစ်မြို့ကို ပျက်စီးခြင်းမြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
လူအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုလျက် တစ်စိတ်တစ်သဘောတည်းဖြင့် ဝတ်ပြုနိုင်ရန် ငါသည် သူတို့အား သန့်ရှင်းသောနှုတ်ကို ပြန်ပေးမည်။
ထိုအသံထွက်ပေါ်လာသောအခါ များစွာသောလူတို့သည် စုဝေးလာကြ၍ သူတို့အသီးသီးသည် သူတို့၏ဘာသာစကားဖြင့် တမန်တော်တို့ပြောဆိုနေကြသည်ကိုကြားရသဖြင့် အံ့ဩတွေဝေကြကုန်၏။