တစ်ဖန် ဘုရားသခင်က “နေ့နှင့်ညကိုပိုင်းခြားရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များဖြစ်တည်စေ။ ထိုအလင်းအိမ်တို့သည် ရာသီ၊ နေ့ရက်၊ နှစ်ကာလများအတွက် အမှတ်လက္ခဏာဖြစ်စေ။
ကမ္ဘာဦး 1:15 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးကိုအလင်းပေးရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များ ဖြစ်တည်စေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။ Common Language Bible ထိုအလင်းဗိမာန်တို့သည်မိုးကောင်းကင်မှာ အလင်းရောင်ထွန်းသဖြင့် မြေကြီးပေါ်တွင် အလင်းရစေ'' ဟုအမိန့်ပေးသည့်အတိုင်း ဖြစ်ပေါ်လာ၏။- Garrad Bible နိ မိတ် လ က္ခ ဏာ၊ ဥ တု ရာ သီ၊ နှစ်၊ လ၊ နေ့ ရက် များ ကို သတ် မှတ် ရန် ဖြစ် လျက်၊ မြေ ကြီး လင်း စေ ရန် မိုး ကောင်း ကင် ပိ တာန် ၌ အ လင်း အိမ် ဖြစ် စေ ဟု အ မိန့် တော် ရှိ သည့် အ တိုင်း ဖြစ် လေ ၏။ Judson Bible မိုးကောင်းကင်မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်းဖြစ်လေ၏။ |
တစ်ဖန် ဘုရားသခင်က “နေ့နှင့်ညကိုပိုင်းခြားရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များဖြစ်တည်စေ။ ထိုအလင်းအိမ်တို့သည် ရာသီ၊ နေ့ရက်၊ နှစ်ကာလများအတွက် အမှတ်လက္ခဏာဖြစ်စေ။
ဘုရားသခင်သည် နေ့ကိုအုပ်စိုးစေရန် အလင်းအိမ်အကြီး၊ ညကိုအုပ်စိုးစေရန် အလင်းအိမ်အငယ်ဟူသော အလင်းအိမ်ကြီးနှစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော်မူ၏။
ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ဖန်ဆင်းတော်မူ၍ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့် မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူရာ ထိုအတိုင်းဖြစ်လေ၏။
သူသွားရာလမ်းတွင် ရေများဖွေးဖွေးလှုပ်ကျန်ခဲ့ပြီး ရေထုကြီးမှာ ဆံပင်ဖြူနေသယောင်ပင် ထင်ရ၏။