ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။-
လုကာ 8:40 - မြန်မာ ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမျှော်လင့်လျက် နေကြသောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။- Common Language Bible သခင်ယေရှုပြန်လည်ကြွလာတော်မူသောအခါ လူပရိသတ်တို့သည်ကိုယ်တော်ကိုစောင့်မျှော်နေ ကြသည့်အလျောက်ခရီးဦးကြိုပြုကြ၏။- Garrad Bible ယေ ရှု ပြန် ရောက် တော် မူ သော် လူ ပ ရိ သတ် ရှိ သ မျှ သည် ကိုယ် တော် ကို စောင့် မျှော် ကြ သည့် အ လျောက် လက် ခံ ကြ စဉ်၊ Judson Bible ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမျှော်လင့်လျက် နေကြသောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုပြန်ကြွလာသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။ အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုစောင့်မျှော်နေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူသောအခါ လူအုပ်ကြီးသည် ခရီးဦးကြိုပြုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိုယ်တော်ကို စောင့်မျှော်နေကြသောကြောင့်ဖြစ်၏။ |
ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။-
ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ၏။
ယေရှုသည် ကမ်းတစ်ဖက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။-
သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။
လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့မရကြ။
ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံလေ၏။-
တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။-
ယေရှုက၊ သင်သည် ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည် သင်၌အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို တစ်မြို့လုံးတွင် အနှံ့အပြား သတင်းကြားပြောလေ၏။
ယောဟန်သည် ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှာ အလိုရှိကြ၏။-