ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။-
လုကာ 6:22 - မြန်မာ ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။- Common Language Bible ``လူသားကြောင့်သင်တို့ကိုလူများမုန်းကြသော အခါ၌လည်းကောင်း၊ ပစ်ပယ်ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏ဂုဏ်အသရေကိုရှုတ်ချ ကြသောအခါ၌လည်းကောင်းသင်တို့သည်မင်္ဂလာ ရှိကြ၏။- Garrad Bible လူ့ သား အ တွက် ကြောင့် လူ တို့ မုန်း ထား ခြင်း၊ သ ပိတ် မှောက် ခြင်း၊ ကဲ့ ရဲ့ ခြင်း၊ အ မည် ဆိုး အ ဖြစ် စွန့် ပယ် ခြင်း ကို ခံ ရ ကြ သော အ ခါ သင် တို့၌ မင်္ဂ လာ ရှိ၏။ Judson Bible ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူ့သားကြောင့် လူတို့သည် သင်တို့ကိုမုန်းတီးသောအခါ၌လည်းကောင်း၊ သင်တို့ကိုဝိုင်းပယ်၍ ကဲ့ရဲ့ပြစ်တင်ကာ သင်တို့၏နာမည်ကိုဖျက်သောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့သည် လူသားကြောင့် သင်တို့ကို မုန်းကြ၍ ဝိုင်းပယ်ကဲ့ရဲ့လျက် သင်တို့၏နာမည်ကို ဖျက်ကြသောအခါ၌လည်း သင်တို့သည် မင်္ဂလာရှိကြ၏။ |
ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။-
လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။-
ဥယျာဉ်ရှင်၏သားကို ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း။-
ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ရယ်ကြလတ္တံ့။ သူတစ်ပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊-
သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားဇရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။-
လောကီသားတို့သည် သင်တို့ကို တရားဇရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကို သတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလ ရောက်လိမ့်မည်။-
ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။-
လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့၏အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။-
ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင် တစ်ကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားဇရပ်မှနှင်ထုတ်ကြ၏။