ဟောင်းသောစပျစ်ရည်ကို သောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ချင်း အလိုမရှိတတ်။ ဟောင်းသောစပျစ်ရည် သာ၍ကောင်းသည်ကို သိ၏ဟု မိန့်တော်မူ၏။
လုကာ 6:1 - မြန်မာ ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့် ပွတ်နယ်စားကြ၏။- Common Language Bible ဥပုသ်နေ့၌ကိုယ်တော်သည်ဂျုံခင်းများကို ဖြတ်၍လျှောက်သွားတော်မူစဉ် တပည့်တော် သည်ဂျုံများကိုဆွတ်၍ပွတ်နယ်စားကြ၏။- Garrad Bible ဥ ပုသ် နေ့ တွင် လယ် ကွက် များ ကို ဖြတ် ကြွ တော် မူ စဉ်၊ တ ပည့် တော် တို့ သည် စ ပါး နှံ များ ကို ဆွတ် ခူး ပွတ် နယ် လျက် သုံး ဆောင် ကြ ရာ၊ Judson Bible ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့် ပွတ်နယ်စားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် ဂျုံနှံများကိုဆွတ်ခူး၍ လက်နှင့်ပွတ်နယ်ပြီးစားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥပုသ်နေ့တစ်နေ့တွင် ယေရှုသည် ဂျုံခင်းများကိုဖြတ်လျက် ကြွတော်မူစဉ် တပည့်တော်တို့က ဂျုံနှံများကိုခြွေဆွတ်၍ လက်နှင့်ချေကာ စားကြ၏။ |
ဟောင်းသောစပျစ်ရည်ကို သောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ချင်း အလိုမရှိတတ်။ ဟောင်းသောစပျစ်ရည် သာ၍ကောင်းသည်ကို သိ၏ဟု မိန့်တော်မူ၏။
အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် တရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒပေးတော်မူသည်တွင်၊ ထိုဇရပ်၌ လက်ယာလက်သေသောသူ တစ်ယောက်ရှိ၏။-