ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊-
လုကာ 4:14 - မြန်မာ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- Common Language Bible သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့်ပြည့်ဝလျက်ဂါလိလဲပြည်သို့ပြန် လာတော်မူ၏။ သတင်းတော်သည်ထိုဒေသ တစ်လျှောက်လုံးတွင်ပျံ့နှံ့သွား၏။- Garrad Bible ယေ ရှု သည် ဝိ ညာဉ် တော်၏ တန် ခိုး တော် နှင့်၊ ဂါ လိ လဲ နယ် သို့ ပြန် ကြွ၍ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ကိုယ် တော့် အ ကြောင်း သ တင်း ကြေ ငြာ လျက်၊ Judson Bible ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝလျက် ဂါလိလဲနယ်သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်နှင့်ပတ်သက်သောသတင်းသည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။ |
ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊-
သို့သော်လည်း ထိုသူတို့သည်သွား၍ သတင်းတော်ကို တစ်ပြည်လုံး၌ နှံ့ပြားကျော်စောစေ၏။-
ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊-
သတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌ ချက်ချင်း နှံ့ပြားကျော်စောလေ၏။
ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာ နေလေ၏။
နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။-