ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။-
လုကာ 4:13 - မြန်မာ ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာ နေလေ၏။ Common Language Bible မာရ်နတ်သည်ဤသို့စုံစမ်းသွေးဆောင်မှုအလုံးစုံ ကိုပြုပြီးသောအခါ ကိုယ်တော်၏ထံတော်မှ ထွက်ခွာ၍အခါအခွင့်ကောင်းကိုစောင့်နေ၏။ Garrad Bible မာရ် နတ် လည်း စုံ စမ်း ခြင်း ကို အ ပြီး သတ်၍ ကာ လ အ တန် ကြာ ခွာ သွား လေ၏။ Judson Bible ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာ နေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း မာရ်နတ်သည် ဖြားယောင်းသွေးဆောင်ခြင်းအားလုံးတို့ကိုပြုပြီးနောက် အခါအခွင့်ရောက်သည်အထိ ကိုယ်တော်ထံမှ ဆုတ်ခွာသွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မာရ်နတ်သည် မိမိ၏ဖြားယောင်းသွေးဆောင်ခြင်းအားလုံး ပြီးဆုံးသောအခါ ယေရှုထံမှထွက်ခွာ၍ နောက်ထပ်အခွင့်အခါကောင်းကို စောင့်လျက်နေ၏။ |
ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။-
ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကားရှိသည်ဟု ပြန်ပြောတော်မူ၏။-
ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊-
ယခုမှစ၍ ငါသည်သင်တို့နှင့် များစွာမပြောရ။ အကြောင်းမူကား၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။-