ထိုသို့ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို အကုန်အစင် မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမဩဝါဒ ပေးခြင်းငှာလည်းကောင်း၊ သတင်းကြားပြောခြင်းငှာလည်းကောင်း၊ ထိုအရပ်မှ ကြွတော်မူ၏။
လုကာ 23:5 - မြန်မာ ထိုသူတို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။ Common Language Bible သို့ရာတွင်သူတို့က ``ဤသူသည်ဂါလိလဲပြည် ကစ၍ ယခုဤအရပ်ဒေသတိုင်အောင်ယုဒ ပြည်အနှံ့အပြားဟောပြောလျက် ပြည်သူတို့ အားရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပါ၏'' ဟုပို၍ပင်အသံကျယ်စွာစွပ်စွဲကြ၏။ Garrad Bible ထို သူ တို့ က ဤ သူ သည် ဂါ လိ လဲ နယ် က စ၍ ဤ အ ရပ် ဒေ သ တိုင် အောင် ယု ဒ ပြည် လုံး နှံ့ ပြည် သူ ပြည် သား တို့ ကို သွန် သင်၍ ထ ကြွ စေ ပါ သည် ဟု တိုး တက် အား ကြီး စွာ စွဲ ဆို ကြ ၏။ Judson Bible ထိုသူတို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့က “သူသည် ဂါလိလဲနယ်မှစ၍ ဤအရပ်ဒေသတိုင်အောင် ယုဒနယ်တစ်နယ်လုံး၌သွန်သင်လျက် လူထုကိုလှုံ့ဆော်ခဲ့ပါသည်”ဟု အပြင်းအထန်ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သူတို့က “ဤသူသည် ဂါလိလဲပြည်မှစ၍ ဤဒေသထိတိုင်အောင် ယုဒပြည်တစ်လျှောက်လုံး ဟောပြောသွန်သင်၍ လူတို့ကို ရုန်းရင်းဆန်ခတ်ဖြစ်စေပါသည်” ဟု ပို၍ပြင်းထန်စွာ ပြောဆိုကြ၏။ |
ထိုသို့ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို အကုန်အစင် မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမဩဝါဒ ပေးခြင်းငှာလည်းကောင်း၊ သတင်းကြားပြောခြင်းငှာလည်းကောင်း၊ ထိုအရပ်မှ ကြွတော်မူ၏။
ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။-
ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။-
ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊-
ထိုသို့ ပရိသတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရမည်အကြောင်း၊-
လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ကြီးစွာသောအသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏ အသံသည် နိုင်လေ၏။-
ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း၍၊-
နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှာ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။-
ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။-
ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။
အချို့ကလည်း၊ ဤသူသည် ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲပြည်သား ဖြစ်ရသလော။-
သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ၊-