လူအချို့တို့က၊ ယောဟန်၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲ ပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက် နေကြပါသနည်းဟု လျှောက်ကြ၏။-
လုကာ 2:37 - မြန်မာ အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏။- Common Language Bible ထိုနောက်အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင်မုဆိုး မဘဝနှင့်နေ၏။ သူသည်ဆုတောင်းပတ္ထနာပြု၍ အစာရှောင်လျက် နေ့ညမလပ်ဘုရားဝတ်၌ မွေ့လျော်ကာဗိမာန်တော်ထဲမှမထွက်မခွာ ဘဲနေ၏။- Judson Bible အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏။- မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှစ်ဆယ့်လေးနှစ်တိုင်တိုင် မုဆိုးမဘဝနှင့် အသက်ရှင်နေသူဖြစ်၏။ ထိုအမျိုးသမီးသည် ဗိမာန်တော်အတွင်း၌ နေ့ရောညပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်လျက် နေ၏။ |
လူအချို့တို့က၊ ယောဟန်၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲ ပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက် နေကြပါသနည်းဟု လျှောက်ကြ၏။-