မသွားမီ မိမိငယ်သားတစ်ကျိပ်ကို ခေါ်၍၊ ငွေတစ်ပိဿာ စီအပ်ပေးလျက် ငါပြန်၍ မလာမီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။-
လုကာ 19:16 - မြန်မာ ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ် အမြတ်ရပါပြီဟု လျှောက်လျှင်၊- Common Language Bible ပထမအစေခံသည်လာ၍`အရှင်၊ အရှင်ပေး ခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ဆယ်ပြား ရပါသည်' ဟုလျှောက်၏။- Garrad Bible ပ ဌ မ လူ သည် ရောက် လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ဖြင့် အ မြတ် ဆယ် ပြား ရ ပါ သည် ဟု လျှောက် သော်၊ Judson Bible ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ် အမြတ်ရပါပြီဟု လျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ပထမတစ်ဦးသည် လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေဆယ်မိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပထမအစေခံသည်လာ၍ ‘သခင်… သခင်၏ငွေတစ်ပိဿာအားဖြင့် အမြတ်ငွေဆယ်ပိဿာရပါ၏’ ဟု လျှောက်လေ၏။ |
မသွားမီ မိမိငယ်သားတစ်ကျိပ်ကို ခေါ်၍၊ ငွေတစ်ပိဿာ စီအပ်ပေးလျက် ငါပြန်၍ မလာမီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။-
ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသောငယ်သားတို့သည် အသီးအသီး အဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှာ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။
သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။-