အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။-
လုကာ 16:10 - မြန်မာ အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။- Common Language Bible အမှုငယ်တွင်သစ္စာရှိသူသည်အမှုကြီးတွင် လည်းသစ္စာရှိလိမ့်မည်။ အမှုငယ်တွင်မရိုး ဖြောင့်သူသည်အမှုကြီးတွင်လည်းရိုးဖြောင့် လိမ့်မည်မဟုတ်။- Garrad Bible နည်း ပါး ရာ၌ သ စ္စာ ရှိ သူ သည် များ ပြား ရာ၌ သ စ္စာ ရှိ တတ်၏။ နည်း ပါး ရာ၌ မ ဖြောင့် မတ် သူ သည် များ ပြား ရာ၌ မ ဖြောင့် မတ် တတ်။ Judson Bible အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။- မြန်မာ့စံမီသမ္မာကျမ်း သေးငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိ၏။ သေးငယ်သောအမှု၌ မဖြောင့်မတ်သောသူသည် ကြီးသောအမှု၌လည်း မဖြောင့်မတ်ပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သေးငယ်သောအမှုကိစ္စများ၌ သစ္စာရှိသောသူသည် ကြီးသောအမှုကိစ္စများ၌ သစ္စာရှိလိမ့်မည်။ သို့သော် သေးငယ်သောအမှုကိစ္စများ၌ မရိုးသားသောသူသည် ကြီးမားသောအမှုများ၌လည်း ရိုးသားလိမ့်မည်မဟုတ်ပေ။ |
အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။-
အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။-
အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။
သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။-
ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန် ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။-
ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊-
ထိုသူသည် မုန့်တစ်လုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။-